ပြည်သူ့လုပ်ငန်းနှင့် ပို့ဆောင်ရေးဝန်ကြီးဌာန (MPWT) ၏ ၂၈-၁၁-၂၀၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့်အစီရင်ခံစာအရ ကမ္ဘောဒီးယားနိုင်ငံတွင်လျှပ်စစ်ကား ၂,၅၁၃ စီး မှတ်ပုံတင်ထားကြောင်း သိရသည်။ ဖနွမ်းပင်မြို့ရှိ MPWT တွင် ကျင်းပပြုလုပ်သော EVs ပြပွဲတွင် ပြည်သူ့ လုပ်ငန်းနှင့်သယ်ယူပို့ဆောင်ရေးဝန်ကြီး Peng Ponea က လျှပ်စစ်ကားများအသုံးပြုခြင်းသည် ဓာတ်ငွေ့ထုတ်လွှတ်မှုနည်းပါးခြင်း သို့မဟုတ် လုံးဝမရှိခြင်းတို့ကြောင့် လောင်စာဆီကုန်ကျ စရိတ်သက်သာစေကြောင်း ပြောကြားခဲ့သည်။ EV များသည် ကမ္ဘောဒီးယားနိုင်ငံတွင် ရေးပန်းစား လာခဲ့ပြီး နိုင်ငံတော်က EVs အရေအတွက်ကို ၂၀၃၀ တွင် ၃၀,၀၀၀ အထိတိုးမြှင့်ရန် ရည်ရွယ်ထားကြောင်း၊ EV များကို အသုံးပြုခြင်းသည် ဓာတ်ဆီသုံးကားများမှ ထုတ်လွှတ်သော ကာဗွန်ဒိုင်အောက်ဆိုဒ်၏ အကျိုးသက်ရောက်မှုကို လျှော့ချပေးနိုင်ကြောင်း Peng Ponea ထပ်မံပြောကြားခဲ့သည်။ လက်ရှိတွင် ကမ္ဘောဒီးယားနိုင်ငံတွင် လောင်စာစွမ်းအင်သုံးယာဉ် ၇.၆ သန်းကျော်ရှိပြီး ၈၅ ရာခိုင်နှုန်းမှာ မော်တော်ဆိုင်ကယ်နှင့် သုံးဘီးကားများ၊ ၁၀ ရာခိုင်နှုန်းမှာ ကားများဖြစ်ပြီး ၅ ရာခိုင်နှုန်းမှာ ဘတ်စ်ကားများ၊ ကုန်ကားများနှင့် စက်ယန္တယားများဖြစ်ကြောင်း သိရသည်။ အစိုးရသည် လျှပ်စစ်ကားများနှင့် ၂၀၅၀ ခုနှစ်တွင် မြို့ပြဘတ်စ်ကားများအတွက် ၄၀ ရာခိုင်နှုန်းနှင့် လျှပ်စစ်မော်တော်ဆိုင်ကယ်များအတွက် ၇၀ ရာခိုင်နှုန်းအထိ တိုးတက်လာရန်ခန့်မှန်းထားပြီး ကာဗွန်ထုတ်လွှတ်မှုကိုလျော့ချရန် အစိုးရက ကတိပြုထားသည်။
Source: Khmer Times
DOCA(ရန်ကုန်)