ဗီယက်နမ်နိုင်ငံ၏ သစ်နှင့် သစ်ထွက်ကုန်ပစ္စည်းများ တင်ပို့မှုသည် ၂၀၂၄ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၅.၅ ဘီလီယံမှ ၁၆ ဘီလီယံအထိရှိမည်ဟု ခန့်မှန်းထားပြီး ပထမ ၁၀ လ အတွင်း ဒေါ်လာ ၁၃.၁၈ ဘီလီယံအထိ ရရှိခဲ့ကြောင်း ဗီယက်နမ်စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနလက်အောက်ရှိ သစ်တောဦးစီးဌာန၏ ပြောကြားချက်အရ သိရသည်။ လက်ရှိတွင် အမေရိကန်နိုင်ငံသည် ဗီယက်နမ်နိုင်ငံမှ သစ်နှင့် သစ်ထွက်ပစ္စည်းများကို အများဆုံး တင်သွင်းလျက်ရှိပြီး ဈေးကွက်ဝေစုထက်ဝက်ကျော်မျှရှိကာ ၎င်း၏ နောက်တွင် တရုတ်နှင့် ဂျပန်တို့မှ အများဆုံးတင်သွင်းသူအဖြစ် ရပ်တည်လျက်ရှိသည်။ ဗီယက်နမ်၏ ထိပ်တန်းပို့ကုန် ၁၅ ခုအနက် သစ်နှင့် သစ်ထွက်ကုန်ပစ္စည်းများ စပိန်သို့ တင်ပို့မှုသည် ၆၃% အထိ သိသာစွာ မြင့်တက်လာခဲ့သည်။ ပြည်တွင်းသစ်အချောထည်လုပ်ငန်းများသည်လည်း လာမည့်နှစ်ပထမဆုံး သုံးလပတ်အထိ အမှာစာများ ခိုင်မာစွာ ရထားပြီးဖြစ်ကြောင်းသိရသည်။ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနသည် အသိအမှတ်ပြုထားသော ရေရှည်တည်တံ့သော သစ်တောစီမံခန့်ခွဲမှုအသစ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သစ်တောထွက်ပစ္စည်းများ သုံးစွဲမှုနှင့် ဆက်စပ်သော သစ်တောစိုက်ပျိုးထုတ်လုပ်မှုတွင် ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန် မူဝါဒများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Source : Xinhua
DOCA(ရန်ကုန်)