၂၀၂၄ ခုနှစ်၏ပထမ ၁၁ လတာကာလတွင် ဗီယက်နမ်သည်အနက်ရောင်ငရုတ်ကောင်း ၂၀၇၄၉၈ တန်နှင့် အဖြူရောင်ငရုတ်ကောင်း ၂၇၈၃၇ တန်ပါဝင်သော စုစုပေါင်းငရုတ်ကောင်း တန်ချိန် ၂၃၅၃၃၅ တန်တင်ပို့ရာမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၁.၂၂ ဘီလီယံရရှိခဲ့ပြီး အမေရိကန်သည် အဓိကတင်သွင်းသူဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံငရုတ်ကောင်းနှင့်ဟင်းခတ်အမွှေးအကြိုင်အသင်း (VASEP) ၏အဆိုအရ သိရပါသည်။ ၂၀၂၃ ခုနှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက တင်ပို့သည့်ပမာဏတွင် ၃.၅ ရာခိုင်နှုန်းကျဆင်းခဲ့သော်လည်း တန်ဖိုးတွင် ၄၆.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်းသိရပါသည်။ နိုဝင်ဘာလတစ်လတည်းတွင် ဗီယက်နမ်သည် အမေရိကန်ဒေါ်လာ ၁၀၆.၅ သန်းတန်ဖိုးရှိသော ငရုတ်ကောင်းတန်ချိန် ၁၅၄၉၈ တန်တင်ပို့ခဲ့ကြောင်းသိရပါသည်။ ထို ၁၁ လတာကာလတွင်အမေရိကန်သည် ဗီယက်နမ်၏ငရုတ်ကောင်းတန်ချိန် ၆၇၀၈၂ တန် ဝယ်ယူတင်သွင်းခဲ့ပြီး ၂၀၂၃ တူညီသည့်ကာလထက် ၄၁.၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ကာ စုစုပေါင်း တင်ပို့မှုပမာဏ၏ ၂၈.၈ ရာခိုင်နှုန်းရှိကြောင်းသိရပါသည်။ ၎င်း၏နောက်တွင် ယူအေအီးမှ တင်သွင်းမှု ၄၂.၇ ရာခိုင်နှုန်းမြင့်တက် (ဈေးကွက်ဝေစု၏၆.၆ ရာခိုင်နှုန်း)နှင့် ဂျာမနီက ၆၇.၇ ရာခိုင်နှုန်းမြင့်တက် (ဈေးကွက်ဝေစု၏ ၆ ရာခိုင်နှုန်းရှိကြောင်းသိရပါသည်။ နယ်သာလန်(၄၁.၈ ရာခိုင်နှုန်း)၊ တောင်ကိုရီးယား(၃၄.၈ရာခိုင်နှုန်း)၊ ပါကစ္စတန်(၃၄.၅ရာခိုင်နှုန်း)၊ ကနေဒါ(၁၉.၇ ရာခိုင်နှုန်း)၊ ရုရှား(၁၅.၅ရာခိုင်နှုန်း)နှင့် ယူကေ (၁၄ ရာခိုင်နှုန်း) အစရှိသည့် များစွာသောဈေးကွက်များမှာ စံချိန်တင် ၂ ဆကြီးထွားခဲ့ကြောင်းသိရပါသည်။ တစ်ချိန်တည်းမှာပင် တရုတ်သည် ၆ ခုမြောက်အကြီးဆုံးတင်သွင်းသူဖြစ်သော်လည်း ၂၀၂၃ တူညီသည့်ကာလ ထက် ၈၃.၆ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်းသိရပါသည်။ VASEP က ဗီယက်နမ်သည် ထို ၁၁ လ တာကာလတွင်ပြုပြင်ထုတ်လုပ်တင်ပို့ရန်အတွက် အမေရိကန်ဒေါ်လာ ၁၅၅.၃ သန်းတန်ဖိုးရှိသော ငရုတ်ကောင်းတန်ချိန် ၃၂၉၉၇ တန်တင်သွင်းခဲ့ပြီး ၂၀၂၃ တူညီသည့်ကာလထက် ပမာဏတွင် ၃၄.၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ကာ တန်ဖိုးတွင် ၉၂.၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။
Vietnam Plus
DOCA(ရန်ကုန်)