ဗီယက်နမ်ဆောက်လုပ်ရေးဝန်ကြီး Nguyen Thanh Nghi နှင့် ကျူးဘားစိုက်ပျိုးမွေးမြူရေးဝန်ကြီး Ydael Jesus Perez Brito တို့သည် ဆန်ထုတ်လုပ်ခြင်း၌ပူးပေါင်းဆောင်ရွက်ရန် ဒီဇင်ဘာလ၉ရက်နေ့က ဟနွိုင်းမြို့တွင်ကျင်းပခဲ့သောအစည်းအဝေးတွင် ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။ Nghi ကဗီယက်နမ်ဆောက်လုပ်ရေးဝန်ကြီးဌာန(MOC)၊ Vietnam-Cuba Intergovernmental Committee ၏ Vietnamese Subcommitte ၏ တာဝန်ခံအေဂျင်စီသည် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတို့တွင် ပူးပေါင်းဆောင်ရွက်မှု လွယ်ကူချောမွေ့စေရေး ကြိုးပမ်းအားထုတ်လျှက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ဗီယက်နမ်သည် လတ်တလောတွင် ကျူးဘားအား ၂၀၁၉-၂၀၂၅ ကာလဆန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး၊ ၂၀၂၃-၂၀၂၅ ကာလ ရေထွက်ကုန်ထုတ်လုပ်မှုတိုးတက်ရေးနှင့် ၂၀၂၃-၂၀၂၅ ကာလ ပြောင်းထုတ်လုပ်မှုတိုးတက်ရေး အမည်ရသည့်စီမံကိန်း ၃ ခုတွင်ပံ့ပိုးလျှက်ရှိကြောင်းသိရပါသည်။ ဗီယက်နမ်အစိုးရသည် စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန (MARD)အား ၂၀၂၅-၂၀၂၇ ကာလ ဗီယက်နမ်-ကျူးဘားဆန်ထုတ်လုပ်မှုပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းသစ်အတွက် ကမ်းလှမ်းထားမှုအခြေအနေတိုးတက်ရေးအတွက် တာဝန်ပေးထားကြောင်းသိရပါသည်။ ထိုစီမံကိန်းသည် ကျူးဘား၏အစားအစာဖူလုံမှုအားကောင်းရေးကူညီရန်အတွက် ထိရောက်သောစိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှုမော်ဒယ်သစ် ထူထောင်ရန်ဖြစ်ကြောင်းသိရပါသည်။ MOC ကလည်း နှစ်နိုင်ငံ ခေါင်းဆောင်များသဘောတူပြီးဖြစ်သည့် ကျူးဘားအတွက်ဆန်ထောက်ပံ့ရန် လုပ်ငန်းစဉ်များအမြန်ပြီးမြောက်စေရန် ဆောင်ရွက်လျှက်ရှိကြောင်းသိရပါသည်။ ထို့ပြင်ဝန်ကြီးဌာနသည် ဗီယက်နမ်လုပ်ငန်းများအား ကျူးဘားတွင် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်ထုတ်လုပ်ခြင်းတွင် ရင်းနှီးမြှုပ်နှံကြရန် တက်ကြွစွာတိုက်တွန်းလျှက်ရှိကြောင်းသိရပါသည်။ Nghi က ကျူးဘား စိုက်ပျိုးမွေးမြူရေးဝန်ကြီးဌာနအား ဗီယက်နမ်စီးပွားရေးလုပ်ငန်းများ ကျူးဘားတွင်စိုက်ပျိုးမွေးမြူရေး၌ ရင်းနှီးမြှုပ်နှံရာတွင်ကြုံတွေ့ရသည့် အတားအဆီးများအားဖြေရှင်းရန် MARD နှင့် ကျူးဘား အေဂျင်စီများနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်ရန်တိုက်တွန်းပြောကြားခဲ့ပါသည်။ ကျူးဘား ဝန်ကြီး Perez Britoက ကျူးဘားသည် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများ အကောင်အထည်ဖော်ရန် ဒုတိယဝန်ကြီးချုပ်ဦးဆောင်သည့်အဖွဲ့ကို ထူထောင်ထားကြောင်း၊ ဗီယက်နမ်လုပ်ငန်းများ ကျူးဘားတွင်ရင်းနှီးမြှုပ်နှံရန် ဆွဲဆောင်နိုင်လိမ့်မည်ဟုယုံကြည်ကြောင်း နှင့်ဗီယက်နမ် ရင်းနှီးမြှုပ်နှံသူများအားပံ့ပိုးပေးမည့် အားကောင်းသည့်စီမံချက်များချမှတ်အကောင်အထည်ဖော် လျှက်ရှိကြောင်းပြောကြားခဲ့ပါသည်။ ပြည်တွင်းစားသုံးမှုနှစ်စဉ်ဆန် တန်ချိန် ၆၀၀၀၀၀ ပြည့်မီရန်ကျူးဘားအား စပါးစိုက်ပျိုးသည့်ဧရိယာကို ၂၀၀၀၀ ဟတ်တာမှ ၁၀၀၀၀၀ ဟတ်တာ အထိတိုးချဲ့ရန် ဗီယက်နမ်ကကမ်းလှမ်းထားကြောင်းသိရပါသည်။ ထိုအချက် နှင့်ပတ်သတ်၍ ကျူးဘားဝန်ကြီးက ၎င်းတို့တွင်စပါးစိုက်ပျိုးရန်အတွက် ၂၀၀၀၀၀ ဟတ်တာမြေနေရာ ရှိကြောင်းနှင့် လုပ်သားအင်အား၊ မျိုးကြဲခြင်း၊ ဆည်ရေသွင်းစနစ်အတွက် အခြေခံ အဆောက်အအုံ၊ စက်ပစ္စည်းနှင့် သယ်ယူပို့ဆောင်ရေးအားလုံးသည် အဆင်သင့် ဖြစ်နေကြောင်း ပြောကြားခဲ့ပါသည်။ Nghi က MOC သည် ဆန်ထုတ်လုပ်မှု ပူးပေါင်းဆောင်ရွက်ရေးအောင်မြင်စေရန် သင့်လျှော်သောမူဝါဒများနှင့် အခြေအနေများချမှတ်ရန် သက်ဆိုင်ရာ အေဂျင်စီများနှင့် ဆက်လက်လုပ်ကိုင်သွားမည်ဟု ပြောကြားခဲ့ကြောင်းသိရှိရပါသည်။
Vietnam Plus
DOCA(ရန်ကုန်)