မလေးရှားနိုင်ငံဆာရာဝပ်ပြည်နယ်နှင့်ကမ္ဘောဒီးယားတို့စီးပွားရေးပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေး

Powered by Drupal

               မလေးရှားနိုင်ငံဆာရာဝပ်ပြည်နယ်နှင့် ကမ္ဘောဒီးယားတို့သည် အရင်းအမြစ်ကြွယ်ဝသော နှစ်ဦးနှစ်ဖက်အကြား အဓိကစီးပွားရေးကဏ္ဍများတွင်ကျားကန်၍ စီးပွားရေးဆက်နွယ်မှုတိုးမြှင့် ရန် ၎င်းတို့၏ဆန္ဒရှိမှုကိုဖော်ပြခဲ့ကြကြောင်းသိရပါသည်။ ပေါကြွယ်ဝသောရေနံ၊ ဓာတ်ငွေ့နှင့် သစ်အရန်ပိုင်ဆိုင်မှုများနှင့်လူသိများသည့် ဆရာဝပ်ပြည်နယ်သည် ကြွယ်ဝသောစိုက်ပျိုးရေး ထုတ်ကုန်များနှင့် ပေါ်ထွန်းလာသောစက်မှုလုပ်ငန်းများနှင့် ကမ္ဘောဒီးယားတို့ဖြင့် မိတ်ဖက်ပြုရန် အားကောင်းသောအခြေအနေတွင်ရှိနေကြောင်းသိရပါသည်။ ထိုအကြောင်းကို ဆရာဝပ်ပြည်နယ် ဝန်ကြီးချုပ် Tan Sri Abang Johari က ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Manet နှင့်ဒီဇင်ဘာလ ၇ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံဖနွမ်းပင်မြို့တွင်ပြုလုပ်သော အစည်းအဝေး အပြီးတွင် မီဒီယာများအား ပြောကြားခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ Abang Johari က မလေးရှားနှင့်ကမ္ဘောဒီးယား အကြား ပူးပေါင်းဆောင်ရွက်မှုဆက်လက် အားကောင်း စေရန်အခွင့်အလမ်းနှင့် အလားအလာများ ကမ္ဘောဒီးယားတွင်ပိုင်ဆိုင်ထားကြောင်း၊ ဆာရာဝပ် နှင့်မလေးရှားတို့သည် နှစ်နိုင်ငံကြားချိတ်ဆက်မှုမြှင့်တင်ရန်နှင့် ထိုပတ်သတ် ဆက်နွယ်မှုများ အရှိန်မြှင့်တင်ရန် အဓိကကဏ္ဍတွင် ရှိနေကြောင်းပြောကြားခဲ့ပါသည်။ ပြည်နယ် ဝန်ကြီးချုပ် သည် Regional Islamic Da’wah Council of Southeast Asia and the Pacific (RISEAP) ကွန်းဖရန့်တက်ရောက်ရန် ဖနွမ်းပင်မြို့သို့ ရောက်ရှိနေခြင်းဖြစ်ကြောင်းသိရပါသည်။ နှစ်ဖက် စလုံးသည် ကမ္ဘောဒီးယားနှင့် ဆာရာဝပ်ကြား ပညာရေး၊ စွမ်းအင် ၊ခရီးသွားကဏ္ဍနှင့် တိုက်ရိုက် လေကြောင်းလိုင်း ပြေးဆွဲရန်အလားအလာတို့တွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် ဆွေးနွေး ခဲ့ကြကြောင်း သိရပါသည်။ ထိုအစည်းအဝေးတွင် Hun Manet က နှစ်နိုင်ငံစလုံးသည် ဆက်နွယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုအားကောင်းစေရန် များစွာသောအခွင့်အလမ်းများကို ပိုင်ဆိုင်ထားကြောင်း၊ ခမာမွတ်စလင်အသိုက်အဝန်းသည် ကမ္ဘာလုံးဆိုင်ရာအစ္စလာမ်စီးပွား‌ရေး၊ အဓိကအားဖြင့် အစ္စလာမ်ဘဏ္ဍာရေးနှင့်ဟာလာဈေးကွက်သို့ဝင်ရောက်ရေးတွင် အလွန်အရေး ပါသောကဏ္ဍတွင် ရှိနေကြောင်းနှင့် ကမ္ဘောဒီးယားသည် ဟာလာဈေးကွက်တွင် များစွာသော အခွင့်အလမ်းများကို အပြည့်အဝအသုံးချနိုင်ရန်အတွက် နိုင်ငံတကာဟာလာ အသိအမှတ်ပြု စံနှုန်းများကိုလိုက်နာခြင်းအားဖြင့် ဟာလာကုန်ထုတ်လုပ်ခြင်းနှင့် တင်ပို့သည့်လုပ်ငန်းကို အဆင့်မြှင့်တင်ရန် ရည်မှန်းထား ကြောင်း ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

The Malay Mail

DOCA(ရန်ကုန်)