ရေလုပ်ငန်းကဏ္ဍသည် နှစ်စဉ် ၅ ရာခိုင်နှုန်းတိုးတက်မည်ဟု ခန့်မှန်း

Powered by Drupal

               ရေလုပ်ငန်းကဏ္ဍသည် လာမည့်ငါးနှစ်အတွင်း တစ်နှစ်လျှင် ၅ ရာခိုင်နှုန်းတိုးတက်ရန် မျှော်မှန်းထားပြီး အလုပ်အကိုင်အသစ် ၁၀၀,၀၀၀ ခန့်ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးကပြောကြားခဲ့ သည်။ ငါး၊ ပုစွန်ထွက်ကုန်များသည် နိုင်ငံတကာဈေးကွက်သို့ တင်ပို့နိုင်ရေးအတွက် သိသာ ထင်ရှားသောအလားအလာရှိပြီး ဒေသတွင်းမျိုးကွဲများ၏ထုတ်လုပ်မှုကွင်းဆက်ကို ချဲ့ထွင်ကာ အစားအစာဘေးကင်းရေးစံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ်မှုအရည်အသွေးကို မြှင့်တင်ခြင်း ဖြင့်အောင်မြင်မှုများရရှိနိုင်မည်ဟု ဆက်လက်ပြောကြားခဲ့သည်။ သို့သော်လည်း လက်ရှိတွင် ရေလုပ်ငန်းကဏ္ဍတွင် ငါးတိုက်ရိုက်ရောင်းချသည့် လုပ်ငန်းရှင်များအတွက် ဈေးကွက် မတည်ငြိမ်မှုဖြစ်ခြင်း၊ အိမ်နီးချင်းနိုင်ငံများမှ တန်းဖိုးနည်းငါး၊ ပုစွန်ထွက်ကုန်များ၏ ပြိုင်ဆိုင်မှု အပါအဝင်စိန်ခေါ်မှုများစွာကိုရင်ဆိုင်နေရကြောင်း၊ ငါး၊ ပုစွန်ထုတ်လုပ်ရေးအတွက် ကန့်သတ် နည်းပညာများ၊ ငါးပုစွန်လုပ်ငန်းတွင် ရင်းနှီမြှုပ်နှံမှုများနည်းပါးခြင်း၊ ဝယ်လိုအားပြည်မီရန် ငါးစုဆောင်ခြင်းနှင့် ဖြန့်ဖြူးရေးစက်ရုံများမလုံလောက်ခြင်း၊ ကန့်သတ်ထားသောငါး သားဖောက်ခြင်းလုပ်ငန်းများ စသည့်အခက်အခဲများစွာကြုံတွေ့နေရကြောင်း ဆက်လက်ပြောကြားခဲ့သည်။ သို့သော် ငါး၊ ပုစွန်ထွက်ကုန်များသည် ပြည်တွင်းမျိုးကွဲများ၏ ထုတ်လုပ်ရေးကွင်းဆက်ကို ချဲ့ထွင်ပြီး အစားအသောက်ဘေးကင်းသော စံချိန်စံညွှန်းများ နှင့်ကိုက်ညီသော ထုတ်လုပ်မှုအရည်အသွေးကို မြှင့်တင်ခြင်းအားဖြင့်နိုင်ငံတကာဈေးကွက်သို့ တင်ပို့ရန် အခွင့်အလမ်းများရှိနေကြောင်း ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

Source: Khmer Times

DOCA(ရန်ကုန်)