ကမ္ဘောဒီးယားတော်ဝင်အစိုးရ (RGC) သည် ဒေသတွင်းနှင့် ဥရောပနိုင်ငံ (၆) နိုင်ငံနှင့် အခွန်နှစ်ဆကောက်ခံခြင်းဆိုင်ရာသဘောတူညီချက်များ (DTAs) ညှိနှိုင်းမှုများဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်၏ရင်းနှီးမြှုပ်နှံမှုကဏ္ဍအား မြှင့်တင်ရန်ဆောင်ရွက်နေကြသည်။ ကမ္ဘောဒီးယားနိုင်ငံသည် စင်္ကာပူ၊ တရုတ်၊ ထိုင်း၊ ဘရူနိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှာ၊ တရုတ်၊ ဟောင်ကောင်၊ မလေးရှား၊ တောင်ကိုရီးယားနိုင်ငံတို့နှင့် (DTA) သဘောတူညီချက်များ အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး Aun Pornmoniroth ကပြောကြာခဲ့သည်။ ကမ္ဘောဒီးယားတော်ဝင်အစိုးရသည် ဒေသတွင်းနိုင်ငံများစွာနှင့် အခွန်နှစ်ဆကောက်ခံခြင်း ဆိုင်ရာသဘောတူညီချက်များကို ဆွေးနွေးမှုများပြုလုပ်ပြီး နိုင်ငံတကာစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုများအတွက် အထောက်အကူဖြစ်စေရန်ကြိုးပမ်းနေကြောင်း၊ (DTA) သည် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) များကို ဆွဲဆောင်ရန်နှင့်နိုင်ငံတကာယှဉ်ပြိုင်နိုင်စွမ်းကို တိုးမြင့်လာစေရန်အတွက် အရေးပါသောအခန်းကဏ္ဍမှပါဝင်ကြောင်း ထမ်မံပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံတွင် အခွန်ကောက်ခံရန်တာဝန်ရှိသည့် အဖွဲ့အစည်းနှစ်ခုရှိသည်။ တစ်ခုမှာ ဝင်ငွေခွန်၊ လစာခွန်၊ တန်းဖိုးထပ်ခွန်နှင့် ပစ္စည်းအခွန်စသည့် ပြည်တွင်းအခွန်များကို အဓိကထားကောက်ခံသည့် (GDT) ဖြစ်ပြီး ကျန်တစ်ခုမှာ ကုန်စည်ဝင်ရောက်ခြင်းနှင့်ကောက်ခံခြင်းကို ဆောင်ရွက်သည့် အကောက်ခွန်နှင့်ကုန်စည်စီးဆင်းမှုဦးစီးဌာန (GDCE) ဖြစ်သည်။ အစိုးရသည် ၂၀၂၄ ခုနှစ်ပထမနှစ်ဝက်အတွင်း အခွန်ကောက်ခံမှုမှဝင်ငွေ အမေရိကန်ဒေါ်လာ ၂.၉ ဘီလီယံ ရရှိခဲ့ကြောင်းသိရှိရပါသည်။
Source: Khmer Times
DOCA(ရန်ကုန်)