ဗီယက်နမ်နိုင်ငံ၏စက်မှုထုတ်လုပ်မှုအညွှန်းကိန်းသည်နိုဝင်ဘာလတွင် ၈.၉ ရာခိုင်နှုန်းသို့တက်လာ

Powered by Drupal

              ဗီယက်နမ်နိုင်ငံ၏နိုင်ငံလုံးဆိုင်ရာ စက်မှုကုန်ထုတ်အညွှန်းကိန်းသည် နိုဝင်ဘာလတွင် တစ်နှစ်ထက်တစ်နှစ် ၈.၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း အထွေထွေစာရင်းအင်းရုံး(GSO) မှပြောကြားခဲ့သည်။ တစ်နှစ်ထက်တစ်နှစ် ၁၁.၂ ရာခိုင်နှုန်းမြင့်တက်လာခဲ့ပြီး ထိုသို့မြင့်တက်လာမှု၏နောက်ကွယ်ရှိ အဓိကမောင်းနှင်အားမှာ ပြုပြင်ခြင်းနှင့်ထုတ်လုပ်ခြင်း ကဏ္ဍတို့ ကြောင့်ဖြစ်ကြောင်းသိရသည်။ လျှပ်စစ်ထုတ်လုပ်မှုနှင့် ဖြန့်ချိမှုကဏ္ဍတွင် ၅.၅ ရာခိုင်နှုန်းနှင့် ရေထောက်ပံ့မှုနှင့်စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုကဏ္ဍတွင် ၆.၇ ရာခိုင်နှုန်း အသီးသီးတိုးတက်လာခဲ့ သည်။ သတ္တုတူးဖော်ရေးကဏ္ဍသည်နိုဝင်ဘာလတွင် တစ်နှစ်ထက်တစ်နှစ် ၉.၈ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း  အဆိုပါရုံးမှပြောကြားခဲ့သည်။ ဤအတောအတွင်း ယခုနှစ်၏ ၁၁ လတာကာလအတွင်း နိုင်ငံလုံးဆိုင်ရာ စက်မှုကုန်ထုတ်လုပ်မှုအညွှန်းကိန်းသည် တစ်နှစ်ထက် တစ်နှစ် ၈.၉ ရာခိုင်နှုန်းသို့ တိုးတက်လာခဲ့သည်။ GSO ၏အစီအရင်ခံစာအရ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဒေသပေါင်း ၆၀ တွင် တိုးတက်မှုများကိုမြင်တွေ့ခဲ့ရကြောင်းသိရှိရပါသည်။

source : xinhua

DOCA(ရန်ကုန်)