ကုမ္ပဏီ (၄) ခုသည် ကမ္ဘောဒီးယား၏ သန့်ရှင်းသောစွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများရှာဖွေ

Powered by Drupal

              ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ကမ္ဘောဒီးယားဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) ၏ ဒုတိယဥက္ကဋ္ဌ Sun Chanthol သည် Sam Sn Group ၏ ဒါရိုက်တာဘုတ်အဖွဲ့ ဥက္ကဋ္ဌ Neak Oknha Sam Soknoeun ဦးဆောင်သောကုမ္ပဏီ (၄) ခုမှကိုယ်စားလှယ်အဖွဲ့အား ၁၀-၁၂-၂၀၂၄ ရက်နေ့ကလက်ခံတွေ့ဆုံခဲ့သည်။ ဤတွေ့ဆုံမှုမှတဆင့် ကုမ္ပဏီ (၄)ခုမှ ကိုယ်စားလှယ် များသည် ရင်းနှီးမြှုပ်နှံမှုအခြေအနေနှင့် သန့်ရှင်းသောစွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ် ရန် အခွင့်အလမ်းမျာကိုလေ့လာခဲ့ကြသည်။ သန့်ရှင်းသောစွမ်းအင် ကဏ္ဍသည် ကမ္ဘောဒီးယား ပြည်တွင်းကုမ္ပဏီများ ရင်းနှီးမြှုပ်နှံရန်စိတ်ဝင်စားသော ကဏ္ဍတစ်ခုဖြစ်သည်။ Sun Chanthol က ကမ္ဘောဒီးယားသည် အကျိုးအမြတ်ဖြစ်ထွန်းသော လုပ်ငန်းများတွင်ပါဝင်နိုင်သည့် တက်ကြွသောလုပ်သားအင်အားဖြင့် အလားအလာရှိသော ရင်းနှီးမြှုပ်နှံမှုနေရာဖြစ်ကြောင်းနှင့် ကမ္ဘောဒီးယားအစိုးရအနေဖြင့် နိုင်ငံစီးပွားရေးကို မြှင့်တင်ရန်အရေးကြီးသောကဏ္ဍဖြစ်သည့် ပုဂ္ဂလိကကဏ္ဍကိုအာရုံစိုက်နေကြောင်း ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

Source: Khmer Times

DOCA(ရန်ကုန်)