ကမ္ဘောဒီးယား၏ ပို့ကုန်သည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်း ဒေါ်လာ ၂၄ ဘီလီယံနီးပါးမြင့်တက်လာ

Powered by Drupal

             ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ ခုနှစ်၊ ပထမ (၁၁) အတွင်း ဒေါ်လာ ၂၃.၉၃ ဘီလီယံခန့် ကုန်ပစ္စည်းများတင်ပို့ခဲ့ပြီး ၂၀၂၃ ခုနှစ်အလားတူကာလ စံချိန်တင်ကန်ဒေါ်လာ၂၀.၄၉ ဘီလီယံ နှင့်နှိုင်းယှဉ်ပါက ၁၆.၈ ရာခိုင်နှုန်းတိုးလာကြောင်း ကမ္ဘောဒီးယားအကောက်ခွန်နှင့်ကုန်စည် စီးဆင်းမှုဦးစီးဌာန၏ အစီရင်ခံစာအရသိရသည်။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလအထိ နိုင်ငံတော်သည် နိုင်ငံခြားဈေးကွက်များသို့ ကုန်ပစ္စည်း အမေရိကန်ဒေါ်လာ ၂၅.၉၄ ဘီလီယံဖိုး တင်ပို့ခဲ့ပြီးတစ်နှစ်ထက်တစ်နှစ် ၁၇.၉ ရာခိုင်နှုန်းတိုးလာသည်ဟုသိရသည်။ ကမ္ဘောဒီးယားနိုင်ငံ သည်တရုတ်၊ တောင်ကိုရီးယားနိုင်ငံတို့နှင့် လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက် (FTA) နှင့် ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) တို့သည် ကုန်သွယ်မှုမြင့်တက် လာစေရန်အတွက် အထောက်အကူဖြစ်ခဲ့ကြောင်း စီးပွားရေးနှင့်ကူသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ နိုင်ငံခြားရေးဝန်ကြီးနှင့် ပြောရေးဆိုခွင့်ရှိသူ Penn Sovicheat ကပြောကြားခဲ့သည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် လွတ်လပ်သောကုန်သွယ်မှုသဘောတူညီ ချက်များဖြင့် လက်ရှိဈေးကွက်များအားကောင်းလာစေရေးနှင့် လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက်များအောက်တွင် ဈေးကွက်သစ်များချဲ့ထွင်ရေးမူဝါဒဖြင့် အခြားသောမိတ်ဖက်နိုင်ငံများနှင့် လွတ်လပ်စွာကုန်သွယ်မှုသဘောတူညီချက်များ ချမှတ်နိုင်ရန် ပြင်ဆင်ထားကြောင်း ဆက်လက်ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံ၏ အဓိကပို့ကုန်များတွင် အထည်ချုပ်ကုန်ပစ္စည်း၊ စက်ယန္တရားများ၊ လျှပ်စစ်ပစ္စည်းများ၊ ဖိနပ်ထုတ်ကုန်များ၊ သားရေပစ္စည်းများ၊ ဆန်စပါး၊ ရာဘာ၊ သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ ပုလဲ၊ အရုပ်များနှင့် အထည်လိပ်များ ပါဝင်သည်။ ကမ္ဘောဒီးယားသို့ပြည်ပနိုင်ငံများမှ ဆေးဝါးနှင့် ဖြည့်စွတ်စာများ၊ လူသုံးကုန်ပစ္စည်းများ၊ အစားအသောက်နှင့် ဖျော်ရည်ယမကာများ တင်သွင်းကြကြောင်းသိရှိရပါသည်။

Source: Khmer Times

DOCA(ရန်ကုန်)