ပလတ်စတစ်ဝယ်လိုအားမြင့်တက်နေကြောင်းအသင်းမှပြောကြား

Powered by Drupal

               ဆောက်လုပ်ရေး၊ ထုတ်ပိုးခြင်းနှင့် စားသုံးကုန်လုပ်ငန်းများထံမှဝယ်လိုအားများကြောင့် ဗီယက်နမ်နိုင်ငံပလတ်စတစ်လုပ်ငန်းသည် ယခုနှစ်တွင် အထင်ကြီးဖွယ်ကြီးထွားလျက်ရှိ‌ကြောင်း ဗီယက်နမ်နိုင်ငံပလတ်စတစ်အသင်းက ပြောကြားခဲ့ပါသည်။ ပလတ်စတစ်ထုတ်လုပ်မှုသည် ယခုနှစ်တွင် တန်ချိန် ၁၁.၆၅ သန်းနှင့် နှစ်စဉ်ကြီးထွားနှုန်း ၈.၄၄ ရာခိုင်နှုန်းဖြင့် ၂၀၂၉ ခုနှစ်တွင် တန်ချိန် ၁၆.၃၆ သန်း ထိရောက်ရှိနိုင်ကြောင်းသိရပါသည်။ ယခုနှစ်အတွက်ရောင်းချရမှုသည် ခန့်မှန်းချေ အမေရိကန်ဒေါ်လာ ၃၁.၁ ဘီလီယံတန်ဖိုးရှိနိုင်ပြီး ၂၀၂၃ တူညီသည့်ကာလထက်၂၃.၉ ရာခိုင်နှုန်း မြင့်တက်နိုင်ကြောင်းသိရပါသည်။ တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၆.၅၇ ဘီလီယံဖြင့် ၂၆.၇ ရာခိုင်နှုန်းကြီးထွားလိမ့်မည်ဟုသိရပါသည်။ အကြီးမားဆုံးဈေးကွက်ဖြစ်သည့် အမေရိကန် နှင့်အခြားအဓိကဈေးကွက်များဖြစ်သည့် ဂျပန်၊ တရုတ်၊ တောင်ကိုရီးယား၊ ဥ‌ရောပ၊ ထိုင်းနှင့် အိန္ဒိယသို့တင်ပို့မှုမှာလည်း အားကောင်းစွာကြီးထွားလျှက်ရှိကြောင်းသိရပါသည်။ ဗီယက်နမ် ပလတ်စတစ်ထုတ်ကုန်များသည် ကမ္ဘာပေါ်တွင် ဈေးကွက် ၁၇၀ ကျော်သို့ရောင်းချခဲ့ပြီး ဖြစ်ကြောင်းသိရပါသည်။ နိုင်ငံတွင် ပလတ်စတစ်ထုတ်လုပ်သူ ၄၀၀၀ ကျော်ရှိပြီး ထိုထဲမှ ၉၀ ရာခိုင်နှုန်းခန့်မှာ SME လုပ်ငန်းများဖြစ်ကာ အလုပ်အကိုင် ၂၅၀၀၀၀ ကျော် ခန့်အပ်ထား ကြောင်း သိရပါသည်။ ဗီယက်နမ်အပါအဝင် များစွာသောနိုင်ငံများတွင် မြို့ပြထူထောင်မှုများ လျှင်မြန်လာခြင်းနှင့်အတူ ဆောက်လုပ်ရေးအတွက်ပလတ်စတစ်ဝယ်လိုအားမှာ တည်ငြိမ်စွာ ကြီးထွား လျှက်ရှိကြောင်း အသင်း၏ဥက္ကဌဖြစ်သူ Dinh Duc Thang ကပြောကြားခဲ့ပါသည်။ ကမ္ဘာလုံးဆိုင်ရာလူလတ်တန်းစားမြင့်တက်လာမှုနှင့် e-commerce ကြီးထွားလာမှုကြောင့် အိမ်သုံးပစ္စည်းများနှင့် ထုတ်ပိုးရန်အတွက်ဝယ်လိုအားမြင့်တက်လာကြောင်းသိရပါသည်။ အခြား နိုင်ငံများမှစက်ရုံများပြောင်းရွှေ့လာခြင်းနှင့် စက်ရုံသစ်များတည်ဆောက်လာမှုနှင့်အတူ ဗီယက်နမ် သည် ကမ္ဘာ့ကုန်ထုတ်လုပ်ရာအချက်အခြာထဲမှ တစ်ခုဖြစ်လာခြင်းကလည်း ပလတ်စတစ်ဈေးကွက် ကိုမောင်းနှင်လျှက်ရှိကြောင်းသိရပါသည်။ လွန်ခဲ့သည့်ဆယ်စုနှစ်တွင် ပလတ်စတစ်လုပ်ငန်း သည် တည်ငြိမ်စွာကြီးထွားလျှက်ရှိပြီး နိုင်ငံစီးပွားရေးကြီးထွားမှုတွင် သိသာစွာပူးပေါင်းပါဝင် ပေးလျက်ရှိသည့် အဓိကစက်မှုလုပ်ငန်းများထဲမှ တစ်ခုဖြစ်လာကြောင်း သိရပါသည်။ သို့သော် ထိုလုပ်ငန်းသည် များစွာသောစိန်ခေါ်မှုများနှင့်ရင်ဆိုင်လျှက်ရှိပြီး အထူးသဖြင့် လေထုညစ်ညမ်းမှုသည် ကမ္ဘာလုံးဆိုင်ရာပြသနာတစ်ခုဖြစ်လျက်ရှိကြောင်းသိရပါသည်။ ကာဗွန်လျှော့ချမှုနှင့် ပြန်လည်အသုံးပြုရန်အတွက် တောင်းဆိုအားမြင့်တက်လာမှုကြောင့် စီးပွာရေးလုပ်ငန်းများသည် နည်းပညာဆန်းသစ်တီထွင်မှုများပြုလုပ်ရခြင်းနှင့်အတူ ထုတ်လုပ်မှုကုန်ကျစရိတ်များမြင့်တက် လျက်ရှိကြောင်းသိရပါသည်။ လွတ်လပ်သောကုန်သွယ်ရေး သဘောတူညီချက်များသည် တင်ပို့ရန် အခွင့်အလမ်းများကျယ်ပြန့်ရုံသာမက ထုတ်လုပ်မှုစံညွှန်းမြင့်တက်ရန် အခြေအနေကိုလည်း ဖန်တီးပေးကြောင်းသိရပါသည်။ ထို့ကြောင့် ပြန်လည်အသုံးပြုခြင်းနှင့် နည်းပညာဆန်းသစ် တီထွင်ခြင်းတို့တွင်ရင်းနှီးမြှုပ်နှံခြင်း၌ ဦးစားပေးစည်းမျဉ်းနှင့် မူဝါဒချမှတ်ခြင်းသည် လုပ်ငန်းနယ်ပယ်အတွက် အစိမ်းရောင်သို့ပြောင်းရန် သင့်လျှော်သောအခြေအနေများကို ဖန်တီးပေးနိုင်ကြောင်း Thang မှပြောကြားခဲ့သည်ဟုသိရှိရပါသည်။

Vietnam Plus

DOCA(ရန်ကုန်)