အင်ဒိုနီးရှားတွင်အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံတန်ဖိုးရှိသော အားသွင်းရုံများတည်ဆောက်မည့် VinFast

Powered by Drupal

                ဗီယက်နမ်နိုင်ငံအခြေစိုက် VinFast ၏ကုမ္ပဏီခွဲဖြစ်သည့် V-Greenသည် အင်ဒိုနီးရှားတွင် VinFast လျှပ်စစ်မော်တော်ယာဉ်များအတွက် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံကျော်ရန်ခန့်မှန်းရသည့် အားသွင်းရုံများတည်ဆောက်ရန် Prime Group နှင့် နားလည်မှုသဝဏ်လွှာ(MoU)ရေးထိုးခဲ့ကြောင်းသိရပါသည်။ ထို MoU သည် V-Green ၏ VinFast အတွက် ကမ္ဘာလုံးဆိုင်ရာအားသွင်းရုံအခြေခံအဆောက်အအုံများ တိုးချဲ့ပေးရာတွင် အဓိကခြေလှမ်းတစ်ရပ်ဖြစ်ရုံသာမက နိုင်ငံတကာကုမ္ပဏီများက V-Green နှင့် VinFast ၏ တည်ငြိမ်သော သယ်ယူပို့ဆောင်ရေးအာမခံချက်အပေါ် ယုံကြည်ချက်ရှိနေသည်ကို ပြသနေကြောင်းသိရပါသည်။ ကုမ္ပဏီနှစ်ခုစလုံးသည် လာမည့်သုံးနှစ်ကျော်တွင် နိုင်ငံတစ်ဝှမ်း အားသွင်းရုံ ၁၀၀၀၀၀ နီးပါးတိုးချဲ့နိုင်ရန် ရည်မှန်းထားကြောင်းသိရပါသည်။ V-Green သည် ထိုအားသွင်းရုံများကို ဂျကာတာ၊ ဆူရာဘရာ၊ ဘာလီနှင့် ပတ်လည်ဧရိယာများတွင် ကနဦး ဦးစားပေးတည်ထောင်မည်ဖြစ်ပြီး ထို့နောက်တွင်မှ အင်ဒိုနီးရှား၏အခြားဒေသများသို့ အဆင့်အလိုက်တိုးချဲ့ရန်စီစဉ်ထားကြောင်း သိရပါသည်။ အားသွင်းရုံများတည်ဆောက်မှုကို ၂၀၂၅ ဇန်နဝါရီလတွင် စတင်လိမ့်မည်ဖြစ်ပြီး အချို့မှာ ၂၀၂၅ ခုနှစ်အတွင်း လည်ပတ်နိုင်ရန် မျှော်လင့်ရကြောင်း သိရပါသည်။ Prime Group ၏ဥက္ကဌဖြစ်သူ Tamer Wagih Salem က ထိုပူးပေါင်းဆောင်ရွက်မှုသည် ကုမ္ပဏီနှစ်ခုလုံးအတွက် အကျိုးအမြတ်ရှိရုံသာမက အရှေ့တောင်အာရှလျှပ်စစ်မော်တော်ယာဉ်ဈေးကွက် ကြီးထွားလာရေးတွင် သိသာစွာပူးပေါင်းပါဝင်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ V-Green သည် VinFast အတွက် လျှပ်စစ်မော်တော်ယာဉ် အခြေခံအဆောက်အအုံတွင် ရင်းနှီးမြှုပ်နှံရေးဆောင်ရွက်ပေးရကြောင်းသိရပါသည်။ အားသွင်းရုံ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရန်ဆောင်ရွက်ပေးခြင်းအားဖြင့် V-Greenသည် VinFast အား အရှိန်အဟုန်ဖြင့်တိုးတက်နေသော အင်ဒိုနီးရှားဈေးကွက်သို့ အောင်မြင်စွာဝင်ရောက်နိုင်ရန် လမ်းကြောင်းဖန်တီးပေးနိုင် မည်ဟုသိရှိရပါသည်။

Vietnam Plus

DOCA(ရန်ကုန်)