နိုဝင်ဘာလတွင်စံချိန်တင်လျှပ်စစ်မော်တော်ယာဉ်အစီး၁၆၀၀၀‌ကျော်‌ရောင်းချခဲ့သည့် VinFast

Powered by Drupal

               Vingroup ကုမ္ပဏီခွဲဖြစ်သည့် VinFast သည် နိုဝင်ဘာလတွင်လျှပ်စစ်မော်တော်ယာဉ် အစီး ၁၆၀၀၀ ကျော်ရောင်းချခဲ့ရပြီး ပြည်တွင်းဈေးကွက်တွင် ယခုနှစ်အတွက် ၎င်းတို့၏ စုစုပေါင်းရောင်းချရမှုမှာ အစီးရေ ၆၇၀၀၀ ကျော်ပြီဖြစ်ကြောင်း ဒီဇင်ဘာလ ၁၁ ရက်နေ့က ကြေညာခဲ့ပါသည်။ ၂၀၂၄ ခုနှစ်၏ ပထမ ၁၀ လတွင် ဗီယက်နမ်မော်တော်ကားနယ်ပယ်တွင် အကြီးမားဆုံးဈေးကွက်ဝေစုကိုပိုင်ဆိုင်ထားသည့် VinFast သည် နိုဝင်ဘာလတွင်လည်း အားကောင်းစွာရောင်းချခဲ့ရပြီး စက်တင်ဘာလရောင်းချရမှုထက် ၄၀ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းသိရပါသည်။ ပျမ်းမျှအားဖြင့် နိုဝင်ဘာလအတွင်း နိုင်ငံတစ်လွှားနေ့စဉ်အစီးရေ ၅၃၀ ကျော်ရောင်းချခဲ့ရကြောင်း သိရပါသည်။ စုစုပေါင်းအစီးရေ ၆၇၀၀၀ ကျော်ရောင်းချခဲ့ရမှုနှင့်အတူ VinFast သည် ဗီယက်နမ်၏ဈေးကွက်ဦးဆောင်သူနေရာတွင် ဆက်လက်ရပ်တည်နေကြောင်း သိရပါသည်။ VinFast ၏ ကမ္ဘာလုံးဆိုင်ရာအရောင်းဒါရိုက်တာဖြစ်သူ Duong Thi Thu Trang မှ ထိုစံချိန်တင်ရောင်းချရမှုသည် သဘာဝပတ်ဝန်းကျင်နှင့်သင့်လျှော်သော သယ်ယူပို့ဆောင်ရေးကို လူအများကသဘောကျမှုမြင့်တက်လာခြင်းနှင့် အစိမ်းရောင်အသွင်ကူးပြောင်းရေးဆီသို့ ဦးတည်မှုကြီးထွားလာမှုကို ရောင်ပြန်ဟပ်ကြောင်းပြောကြားခဲ့ပါသည်။ ကုမ္ပဏီသည် ဈေးကွက်၏မျှော်မှန်းချက်နှင့် တောင်းဆိုအားမြင့်မားလာမှုကိုဖြည့်စည်းပေးနိုင်ရန် ဆက်လက်ကြိုးပမ်း သွားမည်ဟုသိရပါသည်။ ထို့ပြင် VinFast သည် ၎င်းတို့၏ဝန်ဆောင်မှုကွန်ယက်ကို တိုးချဲ့လျက်ရှိပြီး ယခုအခါနိုင်ငံတစ်ဝှမ်းတွင် Service Center ပေါင်း ၁၂၀ ဖြင့်လည်ပတ်လျှက်ရှိကြောင်း သိရပါသည်။ ပြည်တွင်းနှင့် နိုင်ငံတကာမှ ဝယ်လိုအားကြီးထွားလာမှုကိုဖြည့်စည်းပေးရန် VinFast  သည် ၎င်းတို့၏ ဒုတိယမြောက် လျှပ်စစ်မော်တော်ယာဉ်စက်ရုံကို Ha Tinh မြို့တော်ရှိ Vuc Ang စီးပွားရေးဇုန်တွင် တည်ဆောက်မည်ဟုသိရပါသည်။ စက်ရုံ၏ပထမအဆင့်ကို ၂၀၂၅ ခုနှစ်ဇူလိုင်လတွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး နှစ်စဉ်အစီးရေ ၃၀၀၀၀၀ ထုတ်လုပ်နိုင်စွမ်း ရှိကြောင်းသိရပါသည်။

Vietnam Plus

DOCA(ရန်ကုန်)