အမေရိကန်နိုင်ငံ၏ ရေနံတင်သွင်းမှု၊ တင်ပို့မှုမှာ ဒီဇင်ဘာလ ၆ ရက်နေ့ကကုန်ဆုံးခဲ့သော သီတင်းပတ်အတွင်ကျဆင်းခဲ့

Powered by Drupal

               အမေရိကန်နိုင်ငံ၏ ‌ရေနံစိမ်းတင်ပို့မှုနှင့် တင်သွင်းမှုနှစ်မျိုးစလုံးသည် ဒီဇင်ဘာလ ၆ ရက်နေ့တွင် ကုန်ဆုံးခဲ့သောသီတင်းပတ်အတွင်း ကျဆင်းသွားခဲ့ကြောင်း အမေရိကန်စွမ်းအင်သီတင်းအချက်အလက် စီမံခန့်ခွဲရေးအဖွဲ့ (EIA) ၏ ၁၁.၁၂.၂၀၂၄ ရက်နေ့(ဗုဒ္ဓဟူးနေ့)တွင် ထုတ်ပြန်သောအစီအရင်ခံစာအရသိရသည်။ အမေရိကန်နိုင်ငံ၏ ရေနံစိမ်းတင်သွင်းမှုသည် ဒီဇင်ဘာ ၆ ရက်နေ့ကကုန်ဆုံးခဲ့သော သီတင်းပတ်တွင် တစ်နေ့လျင်စည်းပေါင်း ၅.၉၈၄ သန်းတင်သွင်းခဲ့ပြီး နိုဝင်ဘာ ၂၉ ရက်နေ့ကကုန်ဆုံးခဲ့သော သီတင်းပတ်ကထက် ၁.၃၀၆ သန်း တင်သွင်းမှုကျဆင်းခဲ့သည်။ အလားတူပင် ရေနံစိမ်းတင်ပို့မှုမှာလည်း ဒီဇင်ဘာ ၆ ရက်နေ့က ကုန်ဆုံးခဲ့သောသီတင်းပတ်တွင် တစ်နေ့လျင်ပျမ်းမျှ စည်းပေါင်း ၃.၀၉၉ သန်း တင်ပို့ခဲ့ပြီး နိုဝင်ဘာ ၂၉ ရက်နေ့ကကုန်ဆုံးခဲ့သော သီတင်းပတ်ကထက် စည်ပေါင်း ၁.၁၃၆ သန်းတင်ပို့မှု ကျဆင်းခဲ့ကြောင်း ယခင်ကထုတ်ပြန်ခဲ့သော အပတ်စဉ်ရေနံအခြေအနေ အစီအရင်ခံစာအရ သိရသည်။ လွန်ခဲ့သော လေးပတ်အတွင်း အမေရိကန်နိုင်ငံ ရေနံစိမ်းပျမ်းမျှတင်သွင်းမှုသည် တစ်နေ့လျှင်စည်ပေါင်း ၆.၇၆၀ သန်းရှိပြီး ပြီးခဲ့သည်နှစ် လေးလပတ်ကထက် ၂.၅ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်းသိရသည်။ တူညီသောကာလအတွင်း အမေရိကန်နိုင်ငံ၏ ရေနံစိမ်းတင်ပို့မှုသည် ၄.၀၉၄ သန်းရှိပြီး ပြီးခဲ့သည်နှစ် လေးလပတ်ကထက် ၇.၂ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း အစီအရင်ခံစာတွင်ဖော်ပြချက်အရ သိရသည်။ အမေရိကန် နိုင်ငံသည် ၎င်း၏ shale ‌ရေနံ ထုတ်လုပ်မှုတိုးတက်မှုအကူအညီဖြင့် ပြီးခဲ့သောနှစ်များအတွင်း ကမ္ဘာ့ပေါ်တွင်အရေးပါသော ရေနံထုတ်လုပ်သူအဖြစ် ရပ်တည်လျက်ရှိကြောင်းသိရှိရသည်။

Source : Xinhua

DOCA(ရန်ကုန်)