အီရန်နိုင်ငံနှင့် တူရကီနိုင်ငံတို့သည် နှစ်နိုင်ငံကုန်သွယ်မှုအား ငါးနှစ်အတွင်း အမေရိကန် ဒေါ်လာ ၃၀ ဘီလီယံအထိ မြှင့်တင်နိုင်ရန် နားလည်မှုစာချွန်လွှာအား လက်မှတ်ရေးထိုးခဲ့ကြကြောင်း အီရန်နိုင်ငံပိုင် သီတင်းအေဂျင်စီ IRNA ၏ ၁၁.၁၂.၂၀၂၄ ရက်နေ့ကဖော်ပြချက်အရသိရသည်။ စီးပွားရေးဆိုင်ရာ ဆက်ဆံမှုများတိုးမြှင့်ရေးကိုဦးတည်သည့် အဆိုပါ သဘောတူညီချက်ကို အီရန်လမ်းများနှင့်မြို့ပြဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီး Farzaneh Sadegh နှင့် တူရကီကုန်သွယ်ရေးဝန်ကြီး Omer Bolat တို့မှ Tehran တွင်လက်မှတ်ရေးထိုးခဲ့ကြသည်။ ကုန်သွယ်မှု၊ဘဏ်လုပ်ငန်းနှင့်ရင်းနှီးမြုပ်နှံမှု ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်ရည်ရွယ်သည့် သုံးရက်ကြာအစည်းအဝေးအား ပူးတွဲစီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် ၂၉ ကြိမ်မြောက် အစည်းအဝေးအပြီးတွင် လက်မှတ်ရေးထိုးခဲ့သည်။ လက်ရှိတွင်အိမ်နီးချင်း နှစ်နိုင်ငံအကြား နှစ်စဥ်ကုန်သွယ်မှုသည်ကန်ဒေါ်လာ ၁၁.၇ ဘီလီယံအထိရှိကြောင်း IRNA ၏ အဆိုအရ သိရသည်။ အဆိုပါနားလည်မှုစာချွန်လွှာသည် လာမည့်နှစ်တွင် ကုန်သွယ်မှုနှင့် စီပွားရေး ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့လုပ်ဆောင်ရန် အစီအစဥ်များကိုအကြမ်းဖျင်းဖော်ပြထားပြီး အကြိမ် ၃၀ မြောက် ပူးတွဲကော်မရှင် အစည်းအဝေးတွင် ဆက်လက်ဆွေးနွေးမှုများလုပ်ဆောင်ရန် အခြေခံအချက်များကိုလည်း ချမှတ်ထားကြောင်းသိရှိရပါသည်။
Source : Xinhua
DOCA(ရန်ကုန်)