ADB သည် အိန္ဒိယသို့ အမေရိကန်ဒေါ်လာ ၇၈၈.၈ သန်း ချေးငွေကို အတည်ပြုခဲ့

Powered by Drupal

     အာရှဖွံဖြိုးရေးဘဏ် (ADB) သည် ၎င်း၏မြို့တော် Amaravati တွင် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရန်အတွက် အိန္ဒိယနိုင်ငံ Andhra Pradesh ပြည်နယ်သို့ ချေးငွေ အမေရိကန်ဒေါ်လာ ၇၈၈.၈ သန်းအား အတည်ပြုခဲ့ကြောင်း ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ Amaravati Inclusive and Sustainable Capital City Development Program သည် မြို့တော်ကို ဒေသတွင်း ဖွံ့ဖြိုးမှုအချက်အချာအဖြစ် ပြောင်းလဲရန်၊ စီးပွားရေး အလားအလာများ မြှင့်တင်ရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ ပေးအပ်ခြင်းနှင့် နေထိုင်သူများ၏ လူနေမှုဘဝများ ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်ထားကြောင်း ADB မှ ပြောကြားခဲ့သည်။ အများပိုင် ရင်းနှီးမြုပ်နှံမှုများသည် ပင်မအခြေခံအဆောက်အအုံများ၊ အစိုးရအဆောက်အအုံများ နှင့်ရပ်ကွက်အခြေခံအဆောက်အအုံများ အပါအဝင် အဓိကအခြေခံအဆောက်အအုံများ ဖွံ့ဖြိုး တိုးတက်ရေးကို အဓိကထားလုပ်ဆောင်မည်ဖြစ်ပြီး မြေယာပေါင်းစပ်မှုအစီအစဉ်အောက်တွင် သက်ဆိုင်သူလယ်သမားများကို အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း ဘဏ်က ပြောကြားခဲ့သည်။ အဆိုပါ အစီအစဉ်သည် အခြေခံအဆောက်အအုံနှင့် စိမ်းလန်းသောနေရာများ၊ ရေနှင့် သန့်ရှင်းရေး ဝန်ဆောင်မှုများ၊ ကာဗွန်နည်းသော သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံများရရှိနိုင်ရန်နှင့် ရေလွှမ်းမိုးမှုအန္တရာယ်လျော့ပါးစေရန် ရေနုတ်မြောင်းစနစ်များ တိုးတက်ကောင်းမွန်လာစေရန် မျှော်လင့်ထားကြောင်း သိရသည်။

Source : Xinhua     

DOCA(ရန်ကုန်)