နယူးဇီလန်၏ ပင်လယ်စာ တင်ပို့မှုသည် စံချိန်သစ်တင်ခဲ့

Powered by Drupal

     နယူးဇီလန်နိုင်ငံ၏ ပင်လယ်စာတင်ပို့မှုသည် ၂၀၂၅ ခုနှစ် ဇွန်လတွင် နယူးဇီလန်ဒေါ်လာ ၂.၂ ဘီလီယံအထိ ရောက်ရှိရန် ရည်မှန်းထားကြောင်း သမုဒ္ဒရာနှင့် ငါးလုပ်ငန်းဝန်ကြီး Shane Jones က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။နယူးဇီလန်ပင်လယ်စာတင်ပို့မှုအတွက် အနာဂတ်အလားအလာ အားကောင်းနေကြောင်း Jones က ပြောကြားပြီး ပင်လယ်စာကဏ္ဍ၏ ကြိုးစားအားထုတ်မှုကို ထည့်သွင်းပြောကြားခဲ့သည်။‌တောင့်တင်းသောဝယ်လိုအား၊ တင်းကျပ်သော ကမ္ဘာ့ရောင်းလိုအားနှင့် ပို့ကုန်စျေးနှုန်းများ မြင့်မားခြင်းသည် ပင်လယ်စာပို့ကုန် တင်ပို့မှုကို မြှင့်တင်ပေးပြီး နိုင်ငံ၏ ငါးမွေးမြူသူများ၊ ငါးဖမ်းသမားများနှင့် ပရိုဆက်ဆာများထံသို့ အကျိုးအမြတ်များ ပြန်လည်ရောက်ရှိစေကြောင်း ဆက်လက်ပြောကြားခဲ့သည်။ ပင်လယ်စာကဏ္ဍသည် ထုတ်လုပ်မှုကုန်ကျစရိတ်ကို မြင့်တက်စေသည့် ရာသီဥတုနှင့် ပထဝီဝင်နိုင်ငံရေး ပြဿနာများအပါအဝင် စိန်ခေါ်မှုများစွာကို ကောင်းစွာ ဖြေရှင်းနိုင်ခဲ့ကြောင်း၊  ငွေကြေးဖောင်းပွမှုဖြေလျှော့မှုကြောင့် အတိုးနှုန်းများ လျှော့ကျလာခြင်းကြောင့် ကြွေးမြီးဝန်ဆောင်မှုစရိတ်များ လျော့ကျသွားကာ ကမ္ဘာလုံးဆိုင်ရာ ပို့ဆောင်စရိတ်များလည်းသက်သာလာကြောင်း သိရသည်။အစိုးရက လက်ရှိအဏ္ဏဝါမွေးမြူရေးလုပ်ငန်းကမ်းရိုးတန်းပါမစ်အတွက် စည်းကမ်းချက်များကို အနှစ် ၂၀ သက်တမ်းတိုးခဲ့ပြီး ငါးဖမ်းခွန်များကို ဖြတ်တောက်ကာ ၂၀၃၅ ခုနှစ်တွင် ငါးသားဖောက်ရောင်းချမှုဝင်ငွေ သုံးဆတိုးလာ၍ နယူးဇီလန် ဒေါ်လာ ၃ ဘီလီယံအထိရရှိရန် ရည်မှန်းထားကြောင်း သိရသည်။။

Source : Xinhua

DOCA(ရန်ကုန်)