နိုင်ဂျီးရီးယားနိုင်ငံ၏ Dangote စက်ရုံသည် ကင်မရွန်သို့ ၎င်း၏ ပထမဆုံး ဓာတ်ဆီတင်ပို့မှုအားစတင်

Powered by Drupal

   ဒေသတစ်ခွင် ဓာတ်ဆီစျေးနှုန်းများတည်ငြိမ်မှုရှိစေရန်နှင့် ဒေသဆိုင်ရာ စွမ်းအင်ပေါင်းစည်မှုအတွက် မှတ်တိုင်တစ်ခုအဖြစ် လမ်းခင်းပေးနိုင်သည့် နိုင်ဂျီးရီးယား Dangote စက်ရုံမှ ကင်မရွန်းနိုင်ငံသို့ပထမဆုံးဓာတ်ဆီတင်ပို့မှုအား စတင်ခဲ့ကြောင်း Dangote စက်ရုံမှ ၁၂.၁၂.၂၀၂၄ ရက်နေ့က ပြောကြားခဲ့သည်။ Lagos ရှိ နိုင်ဂျီးရီးယား ဘီလီယံနာ Aliko Dangote မှ တည်ဆောက်ထားသော စည်ပေါင်း ၆၅၀၀၀၀ ရေနံသန့်စင်စက်ရုံသည် စွမ်းဆောင်ရည်ပြည့်ဝစွာဖြင့် လည်ပတ်လျက်ရှိပြီး ဥ‌ရောပမှ‌ ရေနံသန့်စင်ရေးသမားများနှင့် ယှဥ်ပြိုင်နိုင်ရန် ရည်ရွယ်ပြီး အတ္တလန္တိတ်မြစ်ဝှမ်းရှိ သန့်စင်ပြီးထုတ်ကုန်များ ရောင်းဝယ်ဖောက်ကားမှုကို ပြောင်းလဲရန် မျှော်မှန်းထားကြောင်းသိရသည်။ကုမ္ပဏီသည် မည်မျှတင်ပို့ကြောင်းကို အသေးစိတ်ဖော်ပြထားခဲ့ခြင်း မရှိပေ။ကင်မရွန်းနိုင်ငံ၏ စွမ်းအင်ကုမ္ပဏီ Neptune Oil မှ ကုမ္ပဏီနှစ်ခုလုံးသည် ဒေသအနှံ့ လောင်စာဆီစျေးနှုန်းနှင့် အခွင့်အလမ်းများကို တည်ငြိမ်စေမည့် ထောက်ပံ့ရေးကွင်းဆက်တစ်ခုကို တည်ထောင်၍အစပျိုးမှုအသစ်များကိုရှာဖွေလျက်ရှိကြောင်း ပြောကြားခဲ့သည်။ လောင်စာဆီအ‌ရောင်းအဝယ်အား မည်သည့်ကြားခံမှမပါရှိဘဲ ရောင်းဝယ်ခဲ့ကြကြောင်း သိရသည်။

Source : Reuters

DOCA(ရန်ကုန်)