![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/3.21.jpg?itok=IPU_bwRj)
ကမ္ဘာလုံးဆိုင်ရာငွေကြေးဖောင်းပွမှုနှင့် နိုင်ငံတကာစျေးကွက်ဝယ်လိုအား ပြန်လည်ကောင်းမွန်လာခြင်းကြောင့် ဗီယက်နမ်စက်မှုလက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနသည် ၂၀၂၅ ခုနှစ်တွင် ဗီယက်နမ်၏ ပို့ကုန်တိုးတက်မှုနှုန်း ၆% ရှိလာစေရန်ရည်မှန်းထားကြောင်း ဗီယက်နမ်သတင်းဌာန၏ ဖော်ပြချက်အရသိရသည်။ ဗီယက်နမ်နှင့်ဥရောပသမဂ္ဂတို့ကဲ့သို့သော အဓိကစျေးကွက်များပြန်လည်ဦးမော့လာခြင်းသည် ဗီယက်နမ်၏ပို့ကုန်များ အထူးသဖြင့် အီလက်ထရွန်းနစ်၊ လူသုံးကုန်ပစ္စည်းများနှင့် အထည်အလိပ် ပစ္စည်းကဏ္ဍများတွင် အရေးကြီးသော မောင်းနှင်အား ဖြစ်လာလိမ့်မည်ဖြစ်ကြောင်း ဝန်ကြီးဌာနမှ ပြောကြားခဲ့သည်။ကုန်သွယ်မှုမြှင့်တင်ရေး လုပ်ငန်းများကို အရှိန်မြင့်ဆောင်ရွက်ခြင်း၊ နယ်စပ်ဂိတ်များမှတစ်ဆင့် ပို့ကုန်များ အရှိန်မြှင့်ခြင်း နှင့် တရုတ်စျေးကွက်သို့ ပို့ကုန်များလွယ်ကူချော့မွေ့စွာ ရောက်ရှိစေရန်တို့ကို ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ဗီယက်နမ်နိုင်ငံ၏ ကုန်သွယ်မှုပမာဏသည် ၂၀၂၄ ခုနှစ် ပထမ ၁၁ လပတ်တွင် အမေရိကန်ဒေါ်လာ ၃၆၉.၉၄ ဘီလီယံရှိပြီး တစ်နှစ်ထက်တစ်နှစ် ၁၄.၄ % မြင့်တက်လာကာနိုင်ငံ၏ ကုန်သွယ်မှုပိုငွေဒေါ်လာ ၂၄.၃၁ ဘီလီယံ အထိတိုးမြင့်လာခဲ့ကြောင်း အထွေထွေစာရင်းအင်းရုံး၏အဆိုအရ သိရသည်။
Source : Xinhua
DOCA(ရန်ကုန်)