![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/3.22.jpg?itok=jSvWA6OB)
Lao Agri-Food Expo 2024 အား လာအိုနိုင်ငံဗီယင်ကျန်းမြို့၌ ကျင်းပမည်ဖြစ်ပြီး လာအိုနိုင်ငံ၏ ရေရှည်တည်တံ့သော လယ်ယာထွက်ကုန်ထုတ်လုပ်မှုကို မြှင့်တင်ရန်နှင့်အဓိက စားနပ်ရိက္ခာစံနှုန်းများကို အကောင်အထည်ဖော်ရန်နှင့် ပံ့ပိုးကူညီရန် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ကုန်စည်ပြပွဲသည် ဒေသခံတောင်သူများအား ဘေးကင်းပြီးဓာတုကင်းစင်သော ထုတ်ကုန်များထုတ်လုပ်နိုင်ရန်နှင့် စားသုံးသူများထံ ၎င်းတို့၏ အော်ဂဲနစ်ပစ္စည်းများကိုမိတ်ဆက် ရန်အတွက်ကြိုးပမ်းမှုတစ်ရပ်ဖြစ်ကြောင်း လာအိုစိုက်ပျိုးရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၏ အစီအရင်ခံစာအရ သိရသည်။ Lao Agri-Food Expo 2024 တွင် ကုန်စည်ပြပွဲများ၊ စီးပွားရေးအရောင်းအဝယ်များ၊ မျက်နှာချင်းဆိုင် ကွန်ရက်ချိတ်ဆက်ခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာဆွေးနွေးပွဲများ ပါဝင်မည်ဖြစ်သည်။ အဆိုပါပွဲတွင်စားနပ်ရိက္ခာဖူလုံမှုသေချာစေရန်နှင့် ဒေသတွင်းနှင့် နိုင်ငံတကာစျေးကွက်များသို့တင်ပို့မှုမြှင့်တင်ရန်အတွက် ခေတ်မှီနည်းပညာများမှတစ်ဆင့် စက်မှုလယ်ယာစိုက်ပျိုးရေးကို မြှင့်တင်နိုင်ရန်အတွက် မျှော်လင့်ထားကြသည်။Lao Agri-Food Expo 2024 သည် စိုက်ပျိုးရေးလုပ်ငန်းရှင်များ၊ အလှူရှင်များ၊ ပြည်တွင်း ပြည်ပစိုက်ပျိုးရေးလုပ်ငန်းရှင်များနှင့် လာအိုတောင်သူလယ်သမားများအား အတူတကွပေါင်းစည်းပေးနိုင်ရန် မျှော်လင့်ထားကြကြောင်း သိရသည်။
Source : Xinhua
DOCA(ရန်ကုန်)