ကမ္ဘောဒီးယား၏ စိုက်ပျိုးရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် Hun Sen က QIA အား တိုက်တွန်း

Powered by Drupal

     ကမ္ဘောဒီးယားနိုင်ငံ၊ အထက်လွှတ်တော် ဥက္ကဋ္ဌ Hun Sen သည် နိုင်ငံတော်၏ လယ်ယာကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ အထူးသဖြင့် ဆန်စပါး၊ သီဟိုဠ်စေ့နှင့် ပီလောပီနံကဲ့သို့သော ကုန်ကြမ်းထုတ်လုပ်ရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများရှာဖွေရန်  Qatar Investment Authority (QIA) ကိုယ်စားလှယ်အဖွဲ့ကို ၁၂-၁၂-၂၀၂၄ ရက်နေ့က ဖိတ်ကြားခဲ့သည်။ Hun Sen နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအားကောင်း လာစေရေးဆွေးနွေးမှုများ ပြုလုပ်ရန်အတွက် ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီး  Sheikh Faisal bin Thani bin Faisal Al Thani ဦးဆောင်သော QIA ကိုယ်စားလှယ်အဖွဲ့အား ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။ စိုက်ပျိုးရေးလုပ်ငန်းကဏ္ဍသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ရန် နိုင်ငံတော်၏ အဆင့်သင့်ဖြစ်မှုများကိုနှင့် အဆိုပါကဏ္ဍတွင် QIA ၏ ပါဝင်ပတ်သက်နိုင်မှုအခြေအနေများကို အလေးပေးပြောကြားခဲ့သည်။ ကမ္ဘောဒီးယား၏ စိုက်ပျိုးရေးကဏ္ဍသည် လယ်ယာထွက်ကုန်ကြမ်းများစွာရှိပြီး ဒေသတွင်းနှင့်ကမ္ဘာ့ဈေးကွက်သို့တင်ပိုရန်အတွက် စိုက်ပျိုးရေးလုပ်ငန်းသုံးစက်ရုံများတွင် ရင်းနှီးမြှုပ်နှံသည့် ကာတာစီးပွားရေးသမားများ အတွက် အခွင့်အလမ်းကောင်းဖြစ်ကြောင်း၊ ကမ္ဘောဒီးယားနှင့် ကာတာတို့သည် အပြန်အလှန် ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရေးနှင့်ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်နှင့် စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်များကို အမြန်ဆုံးချမှတ်သင့်ကြောင်း ထပ်မံပြောကြားခဲ့သည်။

Source: Khmer Times

DOCA(ရန်ကုန်)