
ဟနွိုင်းဆောက်လုပ်ရေးကော်ပိုရေးရှင်းနှင့် VINA-MEC HR Joint Stock ကုမ္ပဏီတို့သည် အယ်ဂျီးရီးယားနိုင်ငံ၏ Copresud ကုမ္ပဏီနှင့် ဆောက်လုပ်ရေးကဏ္ဍတွင်ပူးပေါင်း ဆောင်ရွက်ရန်အတွက် ပမာဏသဘောတူညီချက်ရရှိခဲ့ကြောင်း သိရပါသည်။ ထိုမိတ်ဖက်ဖွဲ့မှုသည် အနာဂတ်တွင် မြောက်အာဖရိကနိုင်ငံ၌ မြို့ပြအင်ဂျင်နီယာစီမံကိန်းများအကောင်အထည်ဖော်ရာတွင် ပါဝင်လိမ့်မည်ဟု သိရပါသည်။ ဒီဇင်လာ ၆ ရက်နေ့မှ ၁၂ ရက်နေ့အထိ ဗီယက်နမ်ကုမ္ပဏီနှစ်ခုမှ ကိုယ်စားလှယ်အဖွဲ့သည် အနာဂတ်ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရန်နှင့် ပြည်တွင်းမိတ်ဖက်များနှင့်တွေ့ဆုံရန် အယ်ဂျီးရီးယားနိုင်ငံသို့ လည်ပတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ အယ်ဂျီးရီးယားနိုင်ငံဆိုင်ရာ ဗီယက်နမ်သံရုံးနှင့် ဗီယက်နမ် ကုန်သွယ်ရေးရုံးတို့က တက်ကြွစွာပံ့ပိုးခဲ့သည့် ထိုမိတ်ဖက်ဖွဲ့မှုသည် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရန်နှင့် ချိတ်ဆက်မှုအားကောင်းရန်ကြိုးပမ်းအားထုတ်မှုများ၏ ကနဦးရလဒ်ဖြစ်ကြောင်း သိရပါသည်။ အယ်ဂျီးရီးယားတွင် ကုမ္ပဏီများသည် ဆောက်လုပ်ရေးကုမ္ပဏီ ၄ ခုနှင့် လုပ်သားစေလွှတ်သည့် အေဂျင်စီ ၃ ခုမှမိတ်ဖက်များနှင့် ဆွေးနွေးခဲ့ကြောင်း သိရပါသည်။ ထို့ပြင် ၎င်းတို့သည် အစိမ်းရောင် လက်ဖက်၊ သံလွင်ဆီ၊ စွံပလွံသီး၊ ချောကလတ်နှင့် မုန့်နှင့်ယိုမျိုးစုံအတွက် ဈေးကွက်များရှာဖွေခဲ့ကာ အယ်ဂျီးရီးယားရှိ အခြားအလား အလာရှိသောမိတ်ဖက်များနှင့် စေ့စပ်ဆွေးနွေးခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်စီးပွားရေး ကိုယ်စားလှယ်အဖွဲ့၏တာဝန်ရှိသူတစ်ဦးက အယ်ဂျီးရီးယားသည် များစွာသော ဗီယက်နမ်ကုမ္ပဏီများအတွက် မြင့်မားသောအလားအလာရှိသည့် ဈေးကွက်ဖြစ်သည့်အတွက် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအခွင့်အလမ်းများရှာဖွေရန် လာရောက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ နှစ်နိုင်ငံကြားအပြန်အလှန်ကုန်သွယ်မှုသည် ၂၀၂၃ ခုနှစ်တွင် ခန့်မှန်းအမေရိကန်ဒေါ်လာ သန်း ၃၀၀ ရှိခဲ့ကြောင်းသိရပါသည်။ လတ်တလောတွင် Bir Seba ကွင်းပြင်တွင် ရေနံထုတ်လုပ်ရာ၌ အောင်မြင်စွာပူးပေါင်းဆောင်ရွက်မှုမှအပ အယ်ဂျီးရီးယားတွင် အခြေစိုက်သည့် မည်သည့်အဓိကဗီယက်နမ်ကုမ္ပဏီမဆို အခက်အခဲနှင့်ရင်ဆိုင်ရကြောင်း သိရပါသည်။ ယခုပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်သည် အပြန်အလှန်ကုန်သွယ်မှု မြှင့်တင်ရေးအတွက် လမ်းကြောင်းသစ်ဖွင့်လှစ်ပေးနိုင်မည်ဟုသိရပါသည်။
Vietnam Plus
DOCA(ရန်ကုန်)