တရုတ်ရင်းနှီးမြှုပ်နှံမှုများကိုထိုင်းနိုင်ငံသို့ဆွဲဆောင်ရန်အစီအစဉ်ကို စက်မှုဇုန်အာဏာပိုင်အဖွဲ့ပြောကြား

Powered by Drupal

      ထိုင်းနိုင်ငံစက်မှုဇုန်အာဏာပိုင်အဖွဲ့ (IEAT) သည် နှစ်နိုင်ငံအကြားရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုမြှင့်တင်ရန် Two Countries, Twin Parks အမည်ရသည့်ထိုင်း-တရုတ်ပူးပေါင်း ဆောင်ရွက်မှုအသစ်မှတစ်ဆင့် တရုတ်ရင်းနှီးမြှုပ်နှံသူများအား ထိုင်းနိုင်ငံသို့ဆွဲဆောင်ရန် စီစဉ် နေကြောင်းသိရပါသည်။ စက်မှုဝန်ကြီး Akanat Promphan က ၎င်းတို့သည် ထိုင်းနိုင်ငံအား တရုတ်ရင်းနှီးမြှုပ်နှံသူများအတွက် အဓိကဦးစားပေးရင်းနှီးမြှုပ်နှံရာနေရာဖြစ်စေရန် အလိုရှိ ကြောင်းနှင့် ထိုင်းအစိုးရသည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးလွယ်ကူချောမွေ့စေရေး စီမံကိန်း များရရှိလာမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ IEAT နှင့် တရုတ်နိုင်ငံ Anhui ပြည်နယ် စီးပွားရေးဦးစီးဌာနအကြား Two Countries, Twin Parks အပေါ် နားလည်မှုသဝဏ်လွှာ (MoU) ရေးထိုးသည့်အခမ်းအနားတွင် ဝန်ကြီးက MoU သည် ထိုင်းစက်မှုဇုန်များတွင် တရုတ်စွန့်ဦး စီးပွားရေးလုပ်ငန်းရှင်များက  ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများစတင်နိုင်ရန် ဆွဲဆောင်နိုင်မည်ဟု မျှော်လင့်ရကြောင်း ပြောကြားခဲ့ပါသည်။ ထိုင်းနိုင်ငံအား ဒေသတွင်းလျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်ရာအချက်အချာပြုလုပ်မည့် ထိုင်းအစိုးရ၏မူဝါဒကြောင့် များစွာသောတရုတ်ရင်းနှီး မြှုပ်နှံသူများသည် အထူးသဖြင့် လျှပ်စစ်မော်တော်ယာဉ်လုပ်ငန်းတွင်  မြင့်တက်လာလျှက် ရှိကြောင်းသိရပါသည်။ နိုင်ငံ၏ 30@30 မူဝါဒအောက်တွင် ထိုင်းနိုင်ငံသည် ၂၀၃၀ ခုနှစ်တွင် စုစုပေါင်းကားထုတ်လုပ်မှု၏ ၃၀ ရာခိုင်နှုန်းသည် လျှပ်စစ်မော်တော်ယာဉ်ဖြစ်လာရန် မျှော်လင့် လျက်ရှိကြောင်းသိရပါသည်။ BYD နှင့် Great Wall Motor ပါဝင်သည့် တရုတ် လျှပ်စစ်ကားထုတ်လုပ်သူများသည် ထိုင်းနိုင်ငံတွင် လျှပ်စစ်ကားများစတင်တပ်ဆင်နေပြီး ဖြစ်ကြောင်း သိရပါသည်။ ပြည့်ဖြိုးမြဲစွမ်းအင်နှင့် အစားအစာတွင် သုတေသနနှင့်ဖွံ့ဖြိုး တိုးတက်ရေး တို့ပါဝင်သည့် အခြားလုပ်ငန်းများတွင်လည်း တရုတ်ရင်းနှီးမြှုပ်နှံသူများထံမှ စိတ်ဝင်စားမှုကိုရရှိနေကြောင်း သိရပါသည်။ Two Countries ,Two Parks သည်တရုတ်၏ BRI စီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း IEAT ၏ယာယီအုပ်ချုပ်ရေးမှူးဖြစ်သူ Sumet Thangprasert က ပြောကြားခဲ့ပါသည်။ တရုတ်အစိုးရ၏ BRI သည် ကုန်းမြေနှင့်ရေကြောင်း အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ခြင်းအားဖြင့် တရုတ်၏စီးပွားရေးကို အရှေ့တောင် အာရှ၊ အာဖရိကနှင့် ယူရေးရှားသို့ ချိတ်ဆက်မည်ဟု သိရပါသည်။ ထိုင်းနိုင်ငံသည် ဘန်ကောက် မြို့မှ လာအိုနိုင်ငံဗီယန်ကျင်းမြို့နှင့် တရုတ်နိုင်ငံကူမင်းမြို့သို့ချိတ်ဆက်သည့် အမြန်ရထားလမ်း တွင်ပါဝင်လည်ပတ်မည်ဟု သိရပါသည်။ ထိုင်းနိုင်ငံရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့၏အဆိုအရ တရုတ် နိုင်ငံသည် ယခုနှစ်၏ပထမ ၉ လတာကာလတွင် ရင်းနှီးမြှုပ်နှံမှုလျှောက်ထားမှုတွင် စင်ကာပူ နိုင်ငံ၏ ဘတ် ၁၈၁ ဘီလီယံ၏နောက်တွင် ဘတ် ၁၁၄ ဘီလီယံဖြင့် ဒုတိယနေရာတွင် ရပ်တည်နေကြောင်း သိရပါသည်။

Bangkok Post

DOCA(ရန်ကုန်)