BYD သည် Peru နိုင်ငံအတွင်းသို့ NEV ငါးမျိုးဖြင့်စတင်ဝင်ရောက်

Powered by Drupal

          တရုတ်နိုင်ငံ၏ စွမ်းအင်သစ်ကား (NEV) ထုတ်လုပ်သူများသည် နိုင်ငံတကာတွင် ၎င်းတို့၏ တည်ရှိမှုအားချဲထွင်လာသည်နှင့်အမျှ  BYD သည် Peru နိုင်ငံ၏ လူစီးကားစျေးကွက် အတွင်းသို့ စတင်ဝင်ရောက်လာခဲ့သည်။ ကုမ္ပဏီသည် မကြာသေးမီက Peru တွင်အမှတ်တံ ဆိပ်မိတ်ဆက်ပွဲကို စတင်ခဲ့ပြီး BYD Song Pro, Tang, Yuan Up, Seal နှင့် BYD Shark တို့အား Peru နိုင်ငံတွင်ဖြန့်ချီသွားမည်ဖြစ်ကြောင်း ၁၀.၁၂.၂၀၂၄ ရက်နေ့ကကြေညာချက်အရ သိရ သည်။ BYD သည် Peru လူစီးကားစျေးကွက်တွင် လျှပ်စစ်ဓာတ်အားကူးပြောင်းမှုကို တွန်းအား‌ ပေးရန်အတွက် ဒေသတွင်းအရောင်းကိုယ်စားလှယ် Motorisa နှင့် မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှုများပြုလုပ်ခဲ့ကြောင်း NEV ထုတ်လုပ်သူမှ ပြောကြားခဲ့သည်။ လုပ်ငန်းများ တွင်ကျယ် လာသည်နှင့်အမျှ BYD သည် Peru တွင်၎င်း၏ ထုတ်ကုန်မတ်ထရစ်ကို တွင်ကျယ်စေမည် ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။ BYD သည် ၂၀၂၅ ခုနှစ်တွင် Peru နိုင်ငံ အတွင်း၌ BYD စတိုးများအား ခြောက်ခုမှ ခုနှစ်ခုအထိ တိုးချဲ့ဖွင့်လှစ်နိုင် ရန်မျှော်မှန်းထား ကြောင်းသိရသည်။ Brazil နှင့် Mexico အပါအဝင် အမေရိကန်တွင် BYD သည် Chile, Suriname, Costa Rica  Panama နှင့် Guatemala တို့အထိ ၎င်း၏လုပ်ငန်းများအား ချဲ့ထွင် ထားကြောင်းသိရသည်။ ဇူလိုင်လတွင် Peru နိုင်ငံခြားရေးဝန်ကြီး Javier Gonzalez-Olaechea က BYD သည် Mexico, Brazil နှင့်အခြား Latin America နိုင်ငံနှစ်ခုကဲ့သို့ Peru နိုင်ငံတွင်လည်း ကားအစိတ်အပိုင်းတပ်ဆင်သည့် စက်ရုံအား တည်ဆောက်မည်ဖြစ်ကြောင်း Peru နိုင်ငံပိုင် သတင်းအေဂျင်စီ Andina ၏အဆိုအရ သိရသည်။ BYD သည်နိုဝင်ဘာလတွင် NEV အစီး‌ရေ ၅၀၆၈၀၄ စီးရောင်းချခဲ့ရပြီး ၎င်းသည် ဒုတိယအကြိမ် အစီးရေ ၅၀၀၀၀၀ ကျော်ရောင်းချရမှု အားကိုယ်စားပြုကာ ခြောက်လ ဆက်တိုက် စံချိန်တင်‌ရောင်းချရမှုအား ပြသခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၂၀၂၃ ခုနှစ်က ရောင်းချခဲ့ရသော အစီးရေ ၃၀၁၉၀၃ စီးထက် ၆၇.၈၇ ရာခိုင်နှုန်း တက်လာခဲ့ပြီး အောက်တိုဘာလ ရောင်းချခဲ့ရသော အစီးရေ ၅၀၂၆၅၇ စီးထက် ၀.၈၃ ရာခိုင်နှုန်း တက်လာခဲ့သည်။နိုဝင်ဘာလတွင် BYD သည်ပြည်ပစျေးကွက်များတွင်ကားအစီးရေ ၃၀၉၇၇ စီးရောင်းချခဲ့ရပြီး တစ်နှစ်ထက်တစ်နှစ် ၁.၁၄ ရာခိုင်နှုန်းတက်လာသော်လည်း အောက်တိုဘာ လကထက် ၀.၆၉ ရာခိုင်နှုန်းလျှော့နည်းခဲ့သည်။ ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်း BYD သည် NEV ကားအစီး‌ရေ ၃၇၅၇၃၃၆ စီးရောင်းချခဲ့ရပြီး တစ်နှစ်ထက်တစ်နှစ် ၄၀.၂ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ ယင်းကာလအတွင်း နိုင်ငံရပ်ခြားတွင်အစီးရေ ၃၆၀၀၅၀ စီးရောင်းချခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၇၄.၂၁ ရာခိုင်နှုန်းတိုးတက်လာခဲ့သည်။

 

DOCA(ရန်ကုန်)