
၂၀၂၄ခုနှစ်တတိယသုံးလပတ်အတွင်း ဘရူနိုင်းနိုင်ငံ၏ အစားအသောက်နှင့် အဖျော်ယမကာ များရောင်းချမှုတန်ဖိုးသည် တစ်နှစ်ထက်တစ်နှစ် ၂.၄ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း နိုင်ငံပိုင် သတင်းဌာန၏ ၁၁.၁၂.၂၀၂၄ ရက်နေ့ (ဗုဒ္ဓဟူးနေ့) ကထုတ်ပြန်ချက်အရသိရသည်။ ပြည်တွင်း နေ့စဉ် Borneo Bulletin ၏ အဆိုအရ အဆိုပါအချက်အလက်များသည် ပြည်တွင်းဝယ်လိုအား ကျဆင်းမှုကို ဖော်ပြနေခြင်းဖြစ် ကြောင်းသိရသည်။ ထိုကဲ့သို့ အစားအသောက်နှင့် အဖျော်ယမကာ ရောင်းချရမှုကျဆင်း ရခြင်းမှာ အဓိကအားဖြင့် အမြန်အစားအစာဆိုင်များမှ ရောင်းချရငွေ ၁၁.၂ ရာခိုင်နှုန်း၊ အဖျော် ယမကာဝန်ဆောင်မှုလုပ်ငန်းများမှ ၈.၃ ရာခိုင်နှုန်း အခြားအစား အသောက်ဝန်ဆောင်မှု လုပ်ငန်းများမှ ၆.၄ ရာခိုင်နှုန်း နှင့် စားသောက်ဆိုင်များမှ ၀.၆ ရာခိုင်နှုန်းတို့ကျဆင်သွားခြင်း ကြောင့်ဖြစ်ကြောင်း သိရသည်။ဘရူနိုင်းနိုင်ငံတွင် လက်လီ ရောင်းချမှုစွမ်းဆောင်ရည်အရ ၂၀၂၃ ခုနှစ်တတိယသုံးလပတ် နှင့်နှိုင်းယှဥ်ပါက ၅.၆ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၂၀၂၄ ခုနှစ် တတိယသုံးလပတ်ရောင်းရငွေသည် ဘရူနိုင်းဒေါ်လာ ၃၉၂.၄ သန်း အထိလျှော့နည်း သွားခဲ့ကြောင်း ဘရူနိုင်းစီးပွားရေးစီမံကိန်းနှင့်စာရင်းအင်းဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။
DOCA(ရန်ကုန်)