![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/426_1.jpg?itok=GhFtrw0A)
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးဇော်လင်း အောင်နှင့် မြို့နယ်ဦးစီးမှူးဦးလှထွဋ်ဦးတို့သည် (၈.၁.၂၀၂၄)ရက်နေ့ နေ့လယ်(၁၄း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် စက်မှုလုပ်ငန်းသုံးဆီခွဲတမ်းရရှိမှုနှင့် ပတ်သက်ပြီး လုပ်ငန်းရှင်များအားခေါ်ယူတွေ့ဆုံ၍ ဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးမှ စက်မှုလုပ်ငန်းသုံးများအတွက် လိုအပ်သည့်စားအုန်းဆီထုတ်ယူရရှိရေး ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့မှ ထုတ်ပြန်ထားသော စည်းကမ်းချက်များအရ စားအုန်းဆီခွဲတမ်း ရရှိမှုအပေါ် လုပ်ငန်းရှင်များအနေဖြင့် တဆင့်ပြန်လည်ရောင်းချခြင်းမပြုလုပ်ကြရန်၊ မိမိလုပ်ငန်းတွင်သာအသုံးပြုကြရန်၊ ဌာနမှလည်း အမှန်တကယ်အသုံးပြုခြင်းရှိမရှိ စီစစ်စစ်ဆေးသွားမည်ဖြစ်ကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးပြီး စက်မှုလုပ်ငန်းသုံးဆီလုပ်ငန်းရှင်များမှ သိရှိလိုသည့်မေးမြန်းချက်များအား ခရိုင်ဦးစီးမှူးမှ ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ဆွေးနွေးပွဲသို့ လုပ်ငန်းရှင်(၄၀)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)