ဈေးကွက်စောင့်ကြည့်စစ်ဆေးအားဆောင်ရွက်ခြင်း

Powered by Drupal

             စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ခေတ္တပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်း(၂)ဦးသည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ(၂၇)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေးအတွင်းရှိ စားသောက်ကုန်/ လူသုံးကုန်အရောင်းဆိုင်များ၌ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏(၂/ ၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသား     သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/ မရှိ မိတ်ဖက်ဌာနများဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

            ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေးအတွင်းရှိ          စားသောက်ကုန်/ လူသုံးကုန်ပစ္စည်းအများစုတွင်  မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် ၏(၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်နှင့်ကိုက်ညီမှုရှိသော စားသောက်ကုန်/ လူသုံးကုန်ပစ္စည်းများသာ တင်သွင်းရောင်းချဖြန့်ဖြူးလျက်ရှိကြောင်း စိစစ်တွေ့ရှိရပြီး ရောင်းချနေသောဆိုင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသည့်  စားသောက်ကုန်/ လူသုံးကုန်ပစ္စည်းများကိုသာ တင်သွင်းရောင်းချကြရန် အသိပညာပေး  ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)