စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင် ဦးစီးမှူးရုံး၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ၉.၁.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ညောင်တုန်းမြို့နယ် ရေလဲကမ်းနားလမ်း အ.မ.က ကျောင်းသို့သွားရောက်၍ ကျောင်းသား/ သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် ဒေါ်ချိုမီဇင် ဒုဦးစီးမှူးမှ စားသုံးသူရေးရာဦးစီးဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက်၊ ရည်ရွယ်ချက်တို့ကိုရှင်းလင်းခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ ၄၁ ပုဒ်မခွဲ(ခ)နှင့်(ဂ)တို့ပါ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့် ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်တို့အား ကြည်ရှုပြီး ဝယ်ယူအသုံးပြုနိုင်ရန် ရှင်းလင်းခြင်း၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားမှုပုံစံများအကြောင်းကို အကျယ်တဝင့်ရှင်းလင်းပြီး စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ အသိပညာများကို သိရှိနိုင်ရန် ဥပမာပေး ကုန်စည်ထုတ်ကုန်များနှင့် ကျောင်းသား/ ကျောင်းသူများအာ ရွေးချယ်ပြသစေပြီး ဆုပေးစနစ်ပြုလုပ်ကာ အသိပညာပေးဟော ပြောခဲ့ကြောင်းသိရသည်။
အဆိုပါ ဟောပြောပွဲသို့ ကျောင်းသား/ သူ(၁၀၀)ဦး ဆရာ/ ဆရာမ(၆) ဦးစုစုပေါင်း (၁၀၆)ဦး တက်ရောက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်းသိရှိရပါသည်။
DOCA (ဧရာဝတီ)