ဓနုဖြူမြို့နယ်အတွင်း ဘိလပ်မြေအရောင်းဆိုင်များအား ဈေးနှုန်းအခြေအနေနှင့် ပစ္စည်းပြတ်လပ်မှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်

Powered by Drupal

         (၁၁.၁.၂၀၂၅) ရက်နေ့ နံနက်(၁၀:၀၀) နာရီက ဓနုဖြူမြို့ပေါ် ရပ်ကွက်(၃)တွင် အိမ်ဆောက်ပစ္စည်း အမျိုးမျိုးရောင်းချသော  ဦးဟန်မြင့်+ဒေါ်အမာစိန်၊ အဏ္ဏဝါ၊ စူပါအောင် ဘိလပ်မြေအရောင်း ဆိုင် ၃ ဆိုင်သို့သွားရောက်၍ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ဓနုဖြူမြို့နယ် အတွင်းရောင်းချနေသော ဘိလပ်မြေဈေးနှုန်း ဈေးကွက်အခြေအနေ၊ ဘိလပ်မြေဝယ်ယူရောင်းချမှု ပြတ်လပ်မှုရှိ/ မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်းသိရသည်။

           ကွင်းဆင်းစစ်ဆေးရာတွင် ဓနုဖြူမြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးက ဓနုဖြူမြို့နယ် ဈေးကွက်အတွင်း  ဘိလပ်မြေရောင်းချနေသောလုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ ရောင်းဝယ်ဖြန့်ဖြူမှု အခြေအနေများကိုမေးမြန်းခဲ့ပြီး၊  ဘိလပ်မြေအရောင်းဆိုင်များတွင် ဘိလပ်မြေလက်ကျန်များရှိပြီး ဆင်မင်း၊ AlPACHE  နှင့် ALPHA သုံးမျိုးရောင်းချခြင်းကို တွေ့ရှိရပြီး AlPACHE ယခင်ရောင်းဈေး ၁၇၀၀၀ကျပ်၊ ယခုဈေး ၂၃၅၀၀ကျပ်ဖြစ်ပြီး ငွေကျပ် (၆၅၀၀)မြှင့်တက်လာကြောင်း၊ ဆင်မင်း ယခင်ဈေး ၁၆၀၀၀ကျပ်၊ ယခုဈေး ၁၉၅၀၀ကျပ်ဖြစ်ပြီး ငွေကျပ်(၃၅၀၀)မြင့်တက်ကြောင်း၊   Alpha ယခင်ဈေး ၁၇၀၀၀ကျပ်၊ ယခုဈေး ၂၃၅၀၀ကျပ်ဖြစ်ပြီး ငွေကျပ် (၆၅၀၀)မြှင့်တက်နေကြောင်း စစ်ဆေးတွေ့ရှိရပြီး ယခုလို ဈေးမြင့်တက်ရခြင်းမှာ ရန်ကုန်မှ မှာယူရောင်းချနေရပြီး ပစ္စည်းမှာယူရရှိမှု လိုသလောက်ရရှိမှုမရှိပဲ စော်ဘွားကြီးကုန်း ပစ္စည်းအရောင်းဆိုင်များမှ ယခင်မှာယူခြင်းထက် လက်ကားဈေးမြင့်တက်လာခြင်းကြောင့် ဈေးမြင့်တက်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)