မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင် ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ်တာဝန်ခံသည် (၁၀.၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံး သူအခွင့်အရေးနှင့် အကျိုးစီးပွားကိုကာကွယ်ရန်အတွက်ရည်ရွယ်၍ ဆိပ်ဖြူမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးဝန်းတွင် ပြုလုပ်သော ပန်းချီပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားသို့ သွားရောက်ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်တာဝန်ခံက ဌာနဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် ဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက်များ၊ ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စားသုံးသူများအနေဖြင့် စားသုံးသူအခွင့်အရေးနှင့် လိုက်နာရမည့်တာဝန်များကို သိရှိနားလည်ပြီး နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားဆောင်ရွက်နိုင်ကြောင်း၊ ကုန်စည်များဝယ်ယူသုံးစွဲရာတွင်လည်း လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကုန်စည်ပေါ်တွင် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြချက်များမှာ အရေးပါကြောင်းနှင့် စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉)၊ အခန်း(၉)ပါ စားသုံးသူများတွင် ရရှိနိုင်မည့်အခွင့်အရေးများနှင့် လိုက်နာရမည့်တာဝန်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုကို ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ပြောရေးဆိုခွင့်၊ တိုင်ကြားနိုင်ခွင့်၊ ပြန်လည်ကုစားနိုင်ခွင့်များ ရရှိနိုင်ပါကြောင်း အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)