
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့ နေလယ် (၁၃:၀၀) နာရီအချိန်တွင် ကန့်ဘလူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာန၊ မြို့မရဲစခန်းစသည့် ပူးပေါင်းအဖွဲ့သည် ကန့်ဘလူမြို့၊ အမှတ်(၃)၊ (၅)ရပ်ကွက်ရှိ စက်သုံးဆီဆိုင်များအားကွင်းဆင်း၍ စက်သုံးဆီရောက်ရှိမှု၊ အချိန်အတွယ်မှန်ကန်မှုရှိ/ မရှိနှင့် စက်သုံးဆီလက်ကျန်တို့အား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် တာဝန်ခံဦးမျိုးဝင်းသန်းက စက်သုံးဆီဆိုင်များအနေဖြင့် တရားမဝင်စက်သုံးဆီများရောင်းချခြင်းမပြုလုပ်ရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမပြုလုပ်ရန်နှင့် စက်သုံးဆီများလွယ်ကူစွာဝယ်ယူသုံးစွဲနိုင်စေရန်အတွက် စက်သုံးဆီဆိုင်များကိုပုံမှန်ဖွင့်လှစ်ရောင်းချပေးရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)