၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ(၁၀)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံး၊ ကျိုင်းတုံမှ စစ်ဆေးရေးမှူး ဦးသန့်ဇင်(ဦးစီးအရာရှိ) ဦးဆောင်၍ ဗဟိုစာရင်းအင်းဦးစီးဌာန၊ စည်ပင်သာယာရေးဌာနတို့နှင့်ပူးပေါင်း၍ ကျိုင်းတုံမြို့၊မြို့မဈေးအတွင်းရှိ အခြေခံစားသောက်ကုန်အရောင်းဆိုင်များအား ဈေးနှုန်းမြင့်တင်ရောင်းချ ခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျိုင်းတုံမြို့၊ မြို့မဈေးအ တွင်းရှိ အခြေခံစားသောက်ကုန်အရောင်းဆိုင်များမှ ကုန်ပစ္စည်းများမှာ ယခင်အပတ်နှင့် ဈေးနှုန်း နှိုင်းယှဉ်ပါက ဧည့်မထ(ဒေသဆန်)၊ ကြက်သွန်နီနှင့် ကြက်သွန်ဖြူ(ကြူကုတ်) အစရှိသောအခြေခံ စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းအနည်းငယ်မြင့်တက်လာပြီး ယင်းကဲ့သို့ ဧည့်မထ(ဒေသဆန်) ဈေးနှုန်းမြင့်တက်ရခြင်းမှာ မိုးစပါးအသစ် လက်ကျန်လျော့နည်းလာသောကြောင့်လည်းကောင်း၊ ကြက်သွန်နီနှင့် ကြက်သွန်ဖြူ(ကြူကုတ်)ဈေးနှုန်းမြင့်တက်ရခြင်းမှာ အဝင်နည်းပြီးဝယ်လိုအားများ သောကြောင့်ဖြစ်ပါသည်။ အာလူးဈေးနှုန်းမှာ အနည်းငယ်ကျဆင်းလာသည်ကိုတွေ့ရှိရပြီး ထိုသို့ ဈေးနှုန်းကျဆင်းရခြင်းမှာ ပြည်မမှဝင်ရောက်မှုများပြားလာခြင်းကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။
ထို့နောက် စစ်ဆေးရေးမှူးနှင့်တာဝန်ရှိသူများသည် အခြေခံစားသောက်ကုန်ပစ္စည်းအ ရောင်းဆိုင်များအား ဈေးနှုန်းမြင့်တင်ရောင်းချခြင်းမပြုကြရန်၊ သင့်တင့်မျှတသောဈေးနှုန်းဖြင့်သာ ရောင်းဝယ်မှုပြုကြရန်နှင့် စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ”ကို လိုက်နာဆောင်ရွက်ရန် အသိပညာပေး ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရှမ်း)