“ ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိကုန်ခြောက်ဆိုင်များသို့စားအုန်းဆီဖြန့်ဖြူး ရောင်းချနေမှုအခြေအနေအားကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

            ဇန်နဝါရီလ တတိယပတ်တွင် ကွမ်းခြံကုန်းမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်းရှိ ကုန်ခြောက်ဆိုင်များသို့ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်မှုနှင့် အညီ စားသုံးသူပြည်သူများ နေ့စဉ်စားသုံးလျက်ရှိသော စားအုန်းဆီများ ဖြန့်ဖြူးရောင်းချနေမှုအခြေအနေအား ဇန်နဝါရီလ (၁၇)ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

              ထိုသို့ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကွမ်းခြံကုန်းမြို့နယ်စည်ပင်သာယာ မြို့မဈေးတာဝန်ခံတို့သည် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ စားအုန်းဆီဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်ခြောက်ဆိုင်များဖြစ်သည့် ဒေါ်ရီရီသန်းဆိုင်၊ ဦးမြင့်မင်းသူဆိုင်၊ ဒေါ်မာမာဦးဆိုင်များမှ ဆိုင်ပိုင်ရှင်လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ပြီး ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ စားအုန်းဆီကို အခက်အခဲမရှိဝယ်ယူစားသုံးနိုင်ရေး၊ ကွမ်းခြံကုန်းမြို့နယ်အတွက်သတ်မှတ် စားအုန်းဆီခွဲတမ်းများအား လုံလောက်စွာချထားပေးခဲ့ပြီး စားအုန်းဆီဈေးနှုန်းမှန်ကန်စွာဖြင့် ပြန်လည်ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် သတ်မှတ်အခြေခံ လက်ကားရည်ညွှန်းဈေးအား အပတ်စဉ် တနင်္လာနေ့တိုင်း သက်ဆိုင်ရာဌာနမှ ထုတ်ပြန်ပေးလျက်ရှိပြီး ဈေးကွက်အတွင်း ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချနေခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် တရားမဝင်သိုလှောင်ထား ခြင်းမပြုလုပ်ကြရန် စားသုံးသူကာကွယ်ရေးအသိပညာပေးပြောကြားခဲ့ပြီး ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)