ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံဦးချစ်ကိုကိုသည် (၂၀.၁.၂၀၂၅) ရက်နေ့နံနက်(၁၀:၀၀)နာရီအချိန်တွင် သာယာ ဝတီခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ပြည်တွင်းဌာနခွဲတာဝန်ခံ၊ ရုံးဝန်ထမ်းများနှင့် အတူကွင်းဆင်း၍ မတ်ပဲစိုက်တောင်သူများနှင့် ပဲပွဲရုံလုပ်ငန်းများအားတွေ့ဆုံကာ ရေလိုက်ပဲစိုက်ပျိုးထားရှိမှု၊ သွင်းအားစုကုန်ကျစရိတ်နှင့် အကျိုးအမြတ်ရရှိမှုအခြေအနေများ၊ ပဲပွဲရုံများမှ ဝယ်ယူနေမှု၊ သယ်ယူပို့ဆောင်ခဝန်ဆောင်မှုများအား ၎င်းအခြားဒေသများနှင့်ကုမ္ပဏီများမှ တိုက်ရိုက်ဝယ်ယူမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးမေးမြန်းခဲ့ပါကြောင်း သတင်းရရှိပါသသည်။
DOCA(ပဲခူး)