စားသုံးသူရေးရာဦးစီးဌာန၊ကြံခင်းမြို့နယ်ဦးစီးမှူးသည်(၂၀.၁.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် ကြံခင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(CommunityCentre)ခန်းမ၌စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးTalkShowအစီအစဉ်ကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါအစီအစဉ်တွင် မြို့နယ်ဦးစီးမှူး ဦးကျော်နိုင်ဝင်းက စားသုံးသူရေးရာဦးစီးဌာန၏ စားသုံးသူ ကာကွယ်ရေးဥပဒပါ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ဝန်ဆောင်မှုနှင့်စပ်လဉ်း၍ အားမခံချက်ပေးခြင်းများအကြောင်း အကျယ်တဝင့် ရှင်းလင်းခဲ့ပြီး၊ စားသုံးသူ ရေးရာဦးစီးဌာနအနေဖြင့် လက်ရှိဆောင်ရွက်နေသော Online ရောင်းဝယ်မှုလုပ်ငန်းများအား အွန်လိုင်းမှတ်ပုံတင်ဆောင်ရွက်ထားမှုရှိ/ မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ဆန်ဆိုင်နှင့်ဆန်စက်လုပ်ငန်းရှင်များအနေဖြင့် သိုလှောင်ရုံမှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်များဆောင်ရွက်ရန်လိုအပ်ကြောင်း၊ စားသုံးသူရေးရာ ဦးစီးဌာန၏ Consumer Call Centre 1535 သို့ စားသုံးသူပြည်သူများအနေဖြင့် အရေးဆို တိုင်ကြားနိုင်ကြောင်း စသည်တို့ကို အသိပညာပေး အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)