စားသုံးသူရေးရာဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ကျောင်းကျန်းမာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ (၂၀-၁-၂၀၂၅) ရက် ၊ နံနက်(၀၉:၀၀) နာရီအချိန်တွင် ညောင်တုန်းမြို့ရှိ ကြိမ်ပင်ဆယ်အ.ထ.က. အခြေခံပညာအထက် တန်းကျောင်း ၌ ကျောင်းမုန့်ဈေးတန်း (၆)ဆိုင်တွင် ရောင်းချနေသော စားသောက်ကုန်များကို ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကိုက်ညီမှု ရှိ / မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိ ဦးအောင်လွင် ဦးစီးမှူးက ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချနေသော အသင့်စားမုန့်အမျိုးမျိုးတို့ကို ကုန်အညွှန်းအမှတ်အသား ပြည်စုံစွာဖော်ပြထားမှုရှိ/မရှိ စစ်ဆေးဆောင်ရွက်ခြင်း၊ ကလေးသူငယ်များကို ရောင်းချနေသည့် မြန်မာမုန့်များ၊ လက်သုတ်မုန့်များကို သန့်ရှင်းသောလက်အိတ်သုံး၍ ရောင်းချရန် မသန့်ရှင်းသော အစားအသောက်များ ရောင်းချမှုမရှိစေရေး ပညာပေးခြင်း၊ တိုင်းဒေသကြီး စားသုံးသူရေးရာ ကော်မတီမှ သတ်မှတ်ထားသော ဦးစားပေးဆောင်ရွက်မည့် ကုန်စည် (၁၀) မျိုးထဲမှ အချိုရည်နှင့် ယိုမျိုးစုံ၊ အသင့်ဖျော်ကော်ဖီ လက်ဖက်ရည်ထုတ်၊ အသင့်စားခေါက်ဆွဲခြောက်ထုတ် အမျိုးမျိုး၊ အသင့်စားမုန့်အမျိုးမျိုး တို့တွင် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)ပါ သတ်မှတ်ချက်အတိုင်း ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း၊ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားနစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင်သည့်အတွက် တိုင်ကြားနိုင်သည့် နေရာများ၊ စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း၍ သက်ဆိုင်သော အကြောင်းများကို မေးမြန်းစုံစမ်းနိုင်သည့် Concumer Call Center 1535 အကြောင်းများ မုန့်ဆိုင်လုပ်ငန်းရှင်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)