ကြိမ်ပင်ဆယ် အခြေခံပညာအထက်တန်းကျောင်း စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

Powered by Drupal

            အခြေခံပညာကျောင်းနေရွယ်ကလေးများ စာသင်ချိန်နှစ်တွင် စားသုံးသူအခွင့်အရေးနှင့် လိုက်နာရမည့် တာဝန်များကို လိုက်နာကျင့်သုံးရွေးချယ် တက်စေရန်ရည်ရွယ်၍ စားသုံးသူရေးရာ ဦးစီးဌာနမှ တာဝန်ရှိသူများက အခြေခံကျောင်းများရှိ ကျောင်းသားလူငယ်ကလေးများ စားသုံးသူကာကွယ်ရေး လုပ်ငန်းစဉ်များကို သိရှိနားလည် တက်စေရန်၊ မိမိအခွင့်အရေးကို တောင်းဆိုတက်စေရန်၊အတွက် စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ညောင်တုန်းကြိမ်ပင်ဆယ် အခြေခံ ပညာအထက် တန်းကျောင်း၊ ရှိ ကျောင်းသား/သူ ကလေးငယ်များကို (၂၀.၁.၂၀၂၅) ရက်နေ့ နံနက်(၁၀၃၀) အချိန်က အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

          အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ဆပ်မှ တာဝန်ရှိသူက ကလေးငယ်များအား မူးယစ်ဆေး ဝါး၏ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးအမျိုးအစားများအကြောင်းနှင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတ ရရှိမည့် စာပေများကို လည်းလေ့လာရမည့်အကြောင်း နံရံကပ်စာစောင်နှင့် ဓါတ်ပုံပြပွဲများပြုလုပ်၍  အသိပညာ ပေးပြောကြားခဲ့သည်။

          စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးက ဒေါ်ချိုမီဇင်ဒု-ဦးစီးမှူးက ကလေးငယ် များအား  စားသုံးသူ ၏အဓိပ္ပါယ်ဖွင့်ဆိုချက်၊စားသုံးသူအခွင့်အရေး(၈)ချက်ကို လည်းကောင်း၊ စားသုံးသူကာ ကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ်၊ မတ်လ (၁၅)ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ (၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေးနှင့်တာဝန်များ၊ အခန်း(၁၈) ကုန်အညွှန်းအမှတ်အသားများ ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းခြင်း၊ ကုန်စည် (သို့မဟုတ်)ဝန်ဆောင်မှုတို့ ဝယ်ယူအသုံး ပြုခြင်းကြောင့် နစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်းများအကြောင်း စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း၊ တိုင်ကြားနိုင်သည့် နည်းလမ်းများကို  အသိပညာပေး ဟောပြောခဲ့ပြီကျောင်းသား၊ ကျောင်းသူများသည် အသင့်စားအစားအစာများကို ဝယ်ယူအသုံးပြုရာတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်း အမှတ်အသား ဖော်ပြထားသည့် အစားအစာ များကို ရွေးချယ်ဝယ်ယူအသုံးပြုရန် နမူနာပစ္စည်းများဖြင့် ရှင်းလင်း ခြင်း၊ သက်တမ်း ကုန်ဆုံးရက်စွဲများ သေချာ သိရှိနားလည်စေရန် ပုံစံနမူနာပြသ၍ အပြန်အလှန်မေးမြန်းခြင်းတို့ကို အသိပညာ‌ပေးဟောပြောခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များပေးဝေပြီး၊ ကျောင်းသား/ ကျောင်းသူ(၁၅၀)ဦး၊ ဆရာ/ဆရာမ(၆) ဦး   တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)