အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း(Online Sales)လုပ်ငန်းများနှင့် စပ်လျဉ်း၍ အသိပညာပေး Talk Show ပြုလုပ်

Powered by Drupal

             ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီး ဌာန ၊ လူထုအခြေပြု ဗဟိုဌာနဖြစ်သော Community Centre ခန်းမတွင် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်ပြီး မြို့နယ် ပြန်/ဆက်ဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ အွန်လိုင်းမှတ်ပုံ တင်ခြင်းဆိုင်ရာ သိကောင်းစရာအကြောင်းTalk Show ကို (၂၁-၁-၂၀၂၅)ရက်နေ့ နံနက် (၁၁း၀၀) နာရီအချိန်တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

            ရှေးဦးစွာ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာ သိကောင်းစရာအကြောင်းကို ရှင်းလင်းဆွေးနွေးပေးပါရန်တင်ပြရာ စားသုံးသူရေးရာ ဦးစီးဌာန ပန်းတနော်မြို့နယ်တာဝန်ခံရုံးမှ ဦးအောင်ကျော်သက် မြို့နယ်တာဝန်ခံက  အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့်ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန က အမိန့် ကြော်ငြာစာအမှတ် (၅၁/၂၀၂၃) ဇူလိုင်လ ၂၁ရက်နေ့က ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ  အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့်လုပ်ငန်းများအားလုံး အွန်းလိုင်းမှတ်ပုံတင်ခြင်း မရှိပဲရောင်းချခွင့်မရှိကြောင်းနှင့် ရောင်းချသူများကို ၂၀၂၅ခုနှစ်တွင် အရေးယူ ဆောင်ရွက်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ မှတ်ပုံတင်နိုင်ရန်အတွက် အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်ခြင်း လုပ်ငန်းတွင် လျှောက်ထားရာတွင် လုပ်ငန်းပိုင်ရှင်၏ နေရပ်လိပ်စာမှန်ကန်ကြောင်း ရပ်ကွက်ထောက်ခံချက်၊ လုပ်ငန်းတည်နေရာမှန်ကန်ပါကြောင်း ရပ်ကွက်ထောက်ခံချက်၊ လုပ်ငန်း ပိုင်ရှင်၏ အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း ရဲစခန်းထောက်ခံချက်၊ လုပ်ငန််းပိုင်ရှင်၏ မှတ်ပုံတင် အရှေ့ အနောက်ဓါတ်ပုံ၊ ပါတ်စပိုစ့်ဆိုဒ် ဓါတ်ပုံ၊ လုပ်ငန်း၏ Logo ပုံ တို့ဖြင့်အတူ မိမိကိုယ်တိုင် လျှောက်ထား နိုင်ကြောင်းကို ပြည်သူနှင့် အွန်းလိုင်းစနစ်ဖြင့် ရောင်းချသူလုပ်ငန်းရှင်များ သိရှိနိုင်ရန် ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။ 

DOCA(ဧရာဝတီ)