ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်ရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် (၂၁-၁-၂၀၂၅)ရက်နေ့ နံနက်(၀၈:၀၀)နာရီအချိန်တွင် အမှတ်တံဆိတ်ပါ ဗူးသွပ်ဆီများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်မြို့နယ် စစ်ဆေးရေးအရာရှိ ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်း များသည် မအူပင်မြို့နယ် ဈေးလမ်းရှိ ဦးကြာပေါ့ဆီဆိုင်၊ မအူပင် မင်းလမ်းရှိ KKK ဗူးဆီအရောင်းဆိုင်၊ ကမ်းနားလမ်းရှိ ဦးမွန်ဟန်း ကုန်မျိုးစုံအရောင်းဆိုင်၊ ကမ်းနားလမ်းရှိ ဝလေးလုံးကုန်မျိုးစုံ အရောင်းဆိုင်၊ မြို့မဈေး အတွင်းရှိ ဦးသိန်းမောင်၊ ဒေါ်ငွေကျော့ ကုန်မျိုးစုံဆိုင်မှ ရောင်းချနေ သော အမှတ်တံဆိတ်ပါ ဗူးသွပ်ဆီဗူးများ စစ်ဆေးရာ၊ ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil , Cooking Oil ) နှင့် စပ်လျဉ်းသည့် ကုန်အညွှန်းအမှတ် အသား ဖော်ပြရာတွင် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ ထုတ်ပြန်ကြေငြာနှင့် ကိုက်ညီမှု ရှိ/မရှိကို စစ်ဆေးခြင်း၊ ရောနှောဆီ ရောင်းချခြင်းရှိပါက ရောနှောဆီနှင့် ပတ်သက်သည့် ဖော်ပြရမည့် အချက်အလက်များနှင့် ကိုက်ညီမှု ရှိ/မရှိကို စစ်ဆေးခြင်း၊ အသားတင်ပမာဏနှင့် အရွယ်အစားတို့အား မြန်မာ့အလေးချိန်ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သား၊ ရောနှောဆီဖြစ်ပါက ထုတ်ကုန်၏မျက်နှာပြင်တွင် ဖော်ပြရမည့် စာလုံးဆိုဒ်အရွယ်အစားပမာဏ မြန်မာအက္ခရာ စားလုံးအရွယ်အစားကို ကြည်ရှုစစ်ဆေးခြင်း၊ စစ်ဆေးပြီး သက်ဆိုင်ရာဌာနတို့၏ ထောက်ခံချက်အမှတ် ပါဝင်မှု ရှိ/မရှိစစ်ဆေးခြင်းတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ပြီး မအူပင်မြို့နယ်အတွင်း ဗူးဆီများသည် သတ်မှတ်ချက်နှင်အညီရောင်းချသော ဗူးဆီများကို စစ်ဆေးတွေ့ရှိကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)