ဟင်္သာတမြို့နယ် ယုံသလင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာန၊ဟင်္သာတမြို့နယ်ဦးစီးမှူးသည်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့နှင့်အတူပူးပေါင်း၍(၂၁.၁.၂၀၂၅) ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် ဟင်္သာတမြို့၊ ယုန်သလင်းကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ ၆၀၀ ဦးအား လူငယ်နှင့်အားကစားအသိ ပညာပေးဟောပြောခြင်းနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

         အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမိုးကျော်က အစားအသောက်များတွင် ပါဝင်သော ဓါတုဆိုးဆေး၏ ဆိုးကျိုးများအကြောင်း၊ မြန်မာ ဘာသာဖြင့် ကုန်အညွှန်းဖော်ပြထားခြင်းမရှိသော အစားအသောက်များနှင့်လူသုံးကုန်ပစ္စည်းများဝယ်ယူ အသုံးပြုရာတွင် သတိပြုလိုက်နာဆောင် ရွက်ရမည့်အချက်များ၊ အငယ်တန်းစာရေး ဦးချမ်းငြိမ်းဇော်မှ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးများအကြောင်း၊ အားကစားနှင့်ကာယပညာဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူးမှ လူငယ်နှင့် အားကစားရေးရာ အသိပညာပေဟောပြောခြင်းများ ဟောပြောခဲ့ပြီး   နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် ဟောပြောပွဲကိုရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)