စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည် (၂၀.၁.၂၀၂၅)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဟင်္သာတမြို့၊ နတ်မော်လမ်းရှိ တာကလေးရပ်ကွက်နှင့် ရွာသာကုန်းကျေးရွာအတွင်းရှိ ဘိလပ်မြေအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့စစ်ဆေးရာတွင် ဈေးကွက်အတွင်း ဘိလပ်မြေ ပြတ်လပ်မှု ရှိ/မရှိ၊ ဈေးနှုန်းဈေးကွက် အခြေအနေများအား စစ်ဆေးခဲ့ပြီး၊ အရောင်းဆိုင်များအနေဖြင့် ဘိလပ်မြေလက်ကျန်ပစ္စည်းများ လျော့နည်းလာပြီး ပြန်လည်ဝယ်ယူရာတွင်လည်း သယ်ယူစရိတ်မှာ ပုံမှန်ထက် အနည်းငယ်မြင့်နေ ကြောင်း၊ ကျောက်ဆည် ဘိလပ်မြေစက်ရုံမှ ခွဲတမ်းရရှိမှုနည်းခြင်း၊ သယ်ယူပို့ဆောင်မှု ကြန့်ကြာခြင်းများကြောင့် ပစ္စည်းလက်ကျန်လျော့နည်းမှုများရှိနေပါသဖြင့် ဘိလပ်မြေဈေးနှုန်းမှာ အနည်းငယ်မြင့်တက်လျက်ရှိကြောင်း ဘိလပ်မြေအရောင်းဆိုင်များမှ သိရှိရပါသည်။
DOCA (ဧရာဝတီ)