လေးမျက်နှာမြို့၊ လှော်ကထားကျေးရွာ၊ အ.ထ.က ကျောင်းတွင် ကျောင်းမုန့်ဈေးတန်းစစ်ဆေးခြင်း

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် ဇန်နဝါရီလ(၂၀)ရက်နေ့ နံနက် (၀၉:၀၀)နာရီအချိန်တွင် လေးမျက်နှာမြို့၊ လှော်ကထားကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချသောမုန့်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

           ထိုသို့ကွင်းဆင်းခဲ့ရာတွင် ကျောင်းဈေးတန်းတွင်ရောင်းချသော မုန့်များတွင်ရက်လွန်ခြင်း ၊မှိုတက်ခြင်းများ ရောင်းချမှုရှိ/မရှိ၊ တားမြစ်ဆိုးဆေးသုံးစွဲထားသော မုန့်များရောင်းချမှုမရှိစေရေးနှင့်  စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံ မှန်ကန်စွာ ဖော်ပြခြင်းရှိ/မရှိ၊ သတ်တမ်းလွန်ကုန်စည်များရောင်းချခြင်းရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး၊  မြန်မာ့ရိုးရာမုန့်မျိုးစုံနှင့် အသုပ်များတွင် ခွင့်မပြုဓါတုဆေးများအသုံးမပြုစေရေး အသိပညာပေးပြောကြားခြင်း၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေး ပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)