ဟင်္သာတခရိုင် စားသုံးသူရေးရာဦးစီးဌာန၌ စားသုံးသူကာကွယ်ရေးလုပ်ငန်း၊ လုပ်ထုံး၊ လုပ်နည်းဆိုင်ရာအသိပညာပေးသင်တန်းဆောင်ရွက်

Powered by Drupal

            ဟင်္သာတခရိုင် စားသုံးသူရေးရာဦးစီးဌာနသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ(၂၁)ရက်နေ့ နံနက် (၁၀:၀၀)နာရီမှ ညနေ(၁၆:၀၀)နာရီအချိန်ထိ ခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ဟင်္သာတခရိုင်အတွင်း ကုန်စည်/ ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ စားသုံးသူအခွင့်အရေးအပြည့်အဝရရှိစေရန်နှင့် စားသုံးသူများလုံခြုံစိတ်ချရမှုရှိပြီး ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ကုန်အညွှန်းအမှတ်အသား ပြည့်စုံကိုက်ညီသည့် အရည်အသွေးမြင့်မားသော ထုတ်ကုန်များရွေးချယ်နိုင်စေရန်ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးလုပ်ငန်း၊ လုပ်ထုံး၊ လုပ်နည်းဆိုင်ရာ အသိပညာပေးသင်တန်းကို ဖွင့်လှစ်ခဲ့ကြောင်း သိရှိရပါသည်။

          သင်တန်းကို နံနက်(၁၀:၀၀)နာရီခန့်အချိန်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးဦးဇော်မင်းက ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆိုင်ရာကိစ္စရပ်များအကြောင်း၊ ဒုခရိုင် ဦးစီးမှူး ဦးမောင်မောင်မြတ်ခိုင်က စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက် ရေးစင်တာ(CICC) ကိစ္စရပ်များအကြောင်း၊ စားသုံးသူရေးရာဌာနခွဲမှဦးစီးမှူး ဒေါ်နှင်းဝေဖြိုးက Online Shopping ဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ သင်တန်းဆရာများ၏ ဆွေးနွေးပို့ချချက်များအပြီးတွင် သင်တန်းသားများမှ မရှင်းလင်းသည်များကို မေးမြန်းခြင်းအပေါ် ပြန်လည်ရှင်းလင်းပြောကြားခြင်းအစီအစဉ်ကို ပြုလုပ်ခဲ့ပြီး ညနေ(၁၆:၀၀)နာရီအချိန်တွင် သင်တန်းဆင်းအခမ်းအနား ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါသင်တန်းသို့ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း(၁၉)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)