ဟင်္သာတမြို့ ပဒေသာဈေးနှင့် ဌေးဝင်းဈေးအတွင်းရှိ စားအုန်းဆီ အရောင်းဆိုင်များတွင် ဈေးနှုန်း မြှင့်တင်ရောင်းချမှု ရှိ/မရှိ ရှောင်တခင်ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာန ၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည် (၂၄.၁.၂၀၂၅)ရက်နေ့ ၊ နံနက် (၀၉:၃၀)နာရီအချိန်တွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ဟင်္သာတမြို့ ပဒေသာဈေးနှင့် ဌေးဝင်းဈေးအတွင်းရှိ စားအုန်းဆီ လက်လီ၊လက္ကား ရောင်းချလျက်ရှိသော စားအုန်းဆီအရောင်း ဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိ ရှောင်တခင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို  ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဟင်္သာတမြို့ရှိ ဆီထုတ်လက်ကား ကိုယ်စားလှယ်များမှ ခွဲတမ်းရရှိသော လက်လီကုန်စုံဆိုင်များမှတဆင့် စားသုံးသူများထံသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး ၊ ထိုသို့ရောင်းချရာတွင်လည်း အဆင့်အလိုက်(၂)% အမြတ်ထက်ကျော်လွန်၍ ရောင်းချမှုမရှိကြောင်း၊ ရောင်းချမှုလက်ခံဘောက်ချာများထားရှိခြင်း၊ သတ်မှတ်ရည်ညွှန်း ဈေးဖြင့်သာရောင်းချခြင်း၊ အခြား မသမာသော နည်းလမ်းများသုံး၍ ရောင်းချမှုမရှိခြင်းနှင့် ဈေးကစားရန်ရည်ရွယ်ပြီး သိုလှောင်ထားခြင်းများမရှိကြောင်း၊ ကုန်စုံဆိုင်အမည်နှင့် ဈေးနှုန်း၊ နေ့စွဲပါ ဗွီနိုင်းပိုစတာများအား အများမြင်သာသော နေရာတွင်ချိတ်ဆွဲထားမှု ရှိ/မရှိတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)