ဒေသထွက်ကုန် ဆီထွက်သီးနှံ ပဲပုပ်မှ စားဆီထုတ်လုပ်နိုင်ရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည်(၂၃.၁.၂၀၂၅)ရက်နေ့ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် ဟင်္သာတမြို့၊ဈေးကလေးလမ်း၊ တာငါးဆယ်မြောက်ရပ်ကွက်ရှိ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ဆီကြိတ်ခွဲထုတ်လုပ်သူ လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ဆီထွက်သီးနှံပဲပုပ်မှ စားဆီထုတ်လုပ်နိုင်ရေး  အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

               ဟောပြောပွဲတွင် ပထမဦးစွာ စားသုံးသူရေးရာဦးစီးဌာန ဟင်္သာတခရိုင်ဦးစီးမှူး ဦးဇော်မင်းမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ဆီထွက်သီးနှံပဲပုပ်မှ စားဆီထုတ်လုပ်နိုင်ရေး ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင် ဒု-ခရိုင်ဦးစီးမှူး ဦးမောင်မောင်မြတ်ခိုင်က ဒေသထွက်ကုန် ဆီထွက်သီးနှံပဲပုပ်မှ စားဆီထုတ်လုပ်နိုင်ရေး Power point ဖြင့် လုပ်ငန်းရှင်များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ ဆီထွက်ပစ္စည်းအမျိုးအစားအလိုက် ကြိတ်ခွဲမှုပုံစံများ၊ ဆီထွက်သီးနှံအမျိုးအစားအလိုက် ဆီပါဝင်မှုများအကြောင်း၊ ပဲပုပ်ဆီထုတ်ရာတွင် အသုံးပြုသော စက်ယူနစ်များအကြောင်း၊ ဆီထုတ်အိုးပုံစံနှင့် ဆီထုတ်ပြီး ကြိတ်ဖတ်ထားရှိမှု အိုးပုံစံများ ၊Condenser နှင့် Solvent Pump ထားရှိမှု၊ ဓါတ်ပျံဆီထားရှိမှု အခြေအနေများအကြောင်း၊ Colonial Boiler နှင့် ရေပန့်စက်များ တပ်ဆင်ထားမှုပုံစံများ၊ ဆီချောရရှိသည်အထိ ထုတ်လုပ်ပုံ အဆင့်ဆင့်အား အကျယ် တဝင့်ရှင်းလင်းဟောပြောခဲ့ပါသည်။ ထို့နောက် ဆီစက်လုပ်ငန်းရှင်များနှင့် အပြန်အလှန ညှိနှိုင်းဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပြီး နေ့လယ် (၁၅:၃၀) နာရီအချိန်တွင် တွေ့ဆုံဆွေးနွေးခြင်းကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)