လက်ပံတန်းမြို့မဈေးအတွင်းရှိငါးဈေးကွက်

Powered by Drupal

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့(မြို့မ)ဈေးအတွင်း၌ ဖေဖော်ဝါရီလ ပထမပတ်တွင် ရောင်းချနေသော ငါးဈေးနှုန်းများမှာ ငါးကြင်းဖြူ(တစ်ပိဿာ)လျှင် ၁၀၀၀၀ မှ ၁၅၀၀၀ ကျပ်၊ ငါးမြစ်ချင်း(တစ်ပိဿာ)လျှင် ၈၀၀၀ မှ ၁၂၀၀၀ ကျပ်၊ ငါးဖယ်ခြစ်(တစ်ပိဿာ) လျှင် ၃၀၀၀၀ ကျပ်၊ ငါးမြစ်ချင်းခြစ်(တစ်ပိဿာ)လျှင် ၂၅၀၀၀ ကျပ်၊ ပုဇွန်ထုပ်(အကြီး) တစ်ပိဿာလျှင် ၆၀၀၀၀ ကျပ်၊ပုဇွန်(အလတ်) တစ်ပိဿာလျှင် ၅၀၀၀၀ ကျပ်၊ ပုဇွန်(အသေး) တစ်ပိဿာလျှင် ၄၀၀၀၀ ကျပ်၊ ငါးခူ(တစ်ပိဿာ)လျှင် ၁၇၀၀၀ ကျပ်၊ငါးကျီး(တစ်ပိဿာ)လျှင် ၁၅၀၀၀ ကျပ်၊ ငါးသလောက် (တစ်ပိဿာ)လျှင် ၃၅၀၀၀ ကျပ်၊ ငါးဘတ်(တစ်ပိဿာ)လျှင် ၃၀၀၀၀ ကျပ်၊ပင်လယ်ငါးများဖြစ် သော ကင်းမွန်နှင့်ပြည်ကြီးငါးများ (တစ်ပိဿာ) လျှင် ၃၅၀၀၀ မှ ၄၀၀၀၀ ကျပ် ဈေးဖြင့်ရောင်းချ နေကြောင်း ဈေးသည်များထံမှ စုံစမ်းမေးမြန်းသိရှိရပါသည်။

DOCA(ပဲခူး)