
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့ ဖေဖော်ဝါရီလ (၇)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၉)ရပ်ကွက်ရှိ (အ.လ.က) ကျောင်းတွင် ဆရာ/ဆရာမနှင့်ကျောင်းသူ/သား (၁၉၆)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ပါသည်။
အဆိုပါ ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံသည် စားသုံးသူကာကွယ်ရေး၏ အဓိပ္ပာယ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များအား ပြောကြားခြင်း၊ Online shop များ၌ ဝယ်ယူသုံးစွဲသည့်အခါ စားသုံးသူများ၏ နစ်နာဆုံးရှုံးမှု လျော့နည်းလာစေရန်အတွက် မှတ်ပုံတင်ထားရှိသောဆိုင်များသာ ရွေးချယ်ဝယ်ယူကြရန်နှင့် နစ်နာဆုံးရှုံးမှုများရှိခဲ့လျှင် လူကိုယ်တိုင် သော်လည်းကောင်း၊ လူထုဆက်သွယ်ရေး နည်းလမ်း တစ်ခုခုဖြင့်သော်လည်းကောင်း၊ သက်ဆိုင်ရာ စားသုံးသူရေးရာဦးစီးဌာနရုံးသို့ သက်သေခံ အထောက်အထားနှင့်အတူ တိုင်ကြားနိုင်ကြောင်း၊ (၁၅၃၅)သို့ ခေါ်ဆို၍ တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားမှုပုံစံများအား ရှင်းလင်းပြောကြားခဲ့သည်ဟု သိရှိရပါသည်။
DOCA(ဧရာဝတီ)