ဂန့်ဂေါမြို့တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေး

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ပခုက္ကူခရိုင်ဦးစီးမှူးတို့၏လမ်းညွှန်မှုဖြင့် ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ  ဒုတိယဦးစီးမှူးနှင့်ဝန်ထမ်းသည် (၆.၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီ အချိန်တွင် ကျောင်းနေအရွယ်ကလေးများ အစားအစာဘေးကင်းလုံခြုံမှုရှိစေရေး၊ ကုန်စည် နှင့်ဝန်ဆောင်မှုများကို အသုံးပြုရာတွင် နစ်နာဆုံးရှုံးမှုမရှိစေရေးနှင့် စားသုံးသူအခွင့်အရေးကိုသိရှိပြီး ရယူတောင်းဆိုတတ်စေရေး ရည်ရွယ်၍ ဂန့်ဂေါမြို့၊ မြောက်ကုန်းရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

             ဒုတိယဦးစီးမှူးက စားသုံးသူရေးရာဦးစီးဌာနဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ ဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက်များအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ရည်ရွယ်ချက်များ၊ ဌာနမှ ယခုလက်ရှိ ဆောင်ရွက်နေသည့်လုပ်ငန်းများအကြောင်း၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွန်းအမှတ် အသားဆိုင်ရာအချက်များအား၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူအသုံးပြုရာတွင် စားသုံးသူနစ်နာ ဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်သည့်အကြောင်းအရာ၊ တိုင်ကြားနိုင်သူများနှင့် တိုင်ကြားရမည့်နေရာများအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)