![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/10_90.jpg?itok=vovWpDG4)
မြန်မာတို့၏ ဟင်းလျာတို့တွင် ချဉ်ပေါင်မပါလျှင် မပြီးသလောက် အသုံးများကြသည်။ ချဉ်ပေါင်ရွက်ကို ချဉ်ရည်ဟင်းချက်၍သော်လည်းကောင်း၊ မျှစ်ပေါက်နှင့်ရော၍ ချဉ်ပေါင်ကြော် ပြုလုပ်၍သော်လည်းကောင်း၊ ချဉ်ပေါင်စပ်ချဉ်ချက် ချက်၍သော်လည်းကောင်း ချက်ပြုတ်စား သောက်ကြပါသည်။ ချဉ်ပေါင်ရွက်ကိုသာ စားသုံးရခြင်းမဟုတ်ပဲ ချဉ်ပေါင်သီး၊ ချဉ်ပေါင်ဖူးများ ကိုလည်း စားသုံး၍ရပါသည်။ ချဉ်ပေါင်ဟင်း ကြက်သားနှင့်မလဲပေါင် ဟူသောစကားသည် မြန်မာ လူမျိုးများ ချဉ်ပေါင်ရွက်ကို မည်မျှကြိုက်နှစ်သက်ကြောင်း ဖော်ကြူးထားခြင်းဖြစ်ပါသည်။ မြန်မာတို့၏ ကျေးရွာအိမ်ခြံဝင်းများ၏ အိမ်နောက်ဖေး ဈေးဆိုင်တည် ဟူသောစကားအတိုင်း ချဉ်ပေါင်ရွက်ခင်းများကို စိုက်ပျိုးလေ့ရှိပါသည်။ ချဉ်ပေါင်ခါး၊ ချဉ်ပေါင်ဘိလပ်၊ ချဉ်ပေါင်လက်ချား ဟူ၍ (၃)မျိုးရှိသည်။ လူတို့အများဆုံးစားသုံးသည်မှာ ချဉ်ပေါင်ဘိလပ်ပင်ဖြစ်ပါသည်။ ဈေးကွက် အတွင်း၌ ချဉ်ပေါင်ဘိလပ်(၅)ပင်တစ်စည်းလျှင် (၂၀၀)ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း ကုန်စိမ်း ဆိုင်များထံမှ သိရှိရသည်။
DOCA(မန္တလေး)