ရွှေတောင်ဒေသ၏ နှင်းဆီပန်းဈေးကွက်

Powered by Drupal

        ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကသစ်ကိုင်းအုပ်စု၊ ကသစ်ကိုင်းကျေးရွာတွင် နှင်းဆီပန်းများကို နိုဝင်ဘာလတွင်စတင်စိုက်ပျိုးပြီး (၂)လအကြာတွင် ခူးဆွတ်ရောင်းချကြောင်း သိရပါသည်။ နှင်းဆီခြံတွင် နှင်းဆီအပင် (၁၀၀၀)ကျော် စိုက်ပျိုးထားပြီး ပန်းများပွင့်ချိန်တွင် နှင်းဆီပန်းများကို တစ်ရက်ခြားတစ်ခါခူးဆွတ်ရောင်းချကြပါသည်။ နှင်းဆီပင် အပင်(၁၀၀၀)ကျော်တွင် တစ်ခါခူးဆွတ် လျှင် ၈၀၀ မှ ၁၀၀၀အထိ ခူးဆွတ်ရပါသည်။ ရောင်းချသောဈေးနှုန်းများမှာ နှင်းဆီးပန်းတစ်ပွင့်လျှင် ၁၀၀ကျပ်ဖြင့် နှင်းဆီခြံသို့ ဒိုင်များမှ လာရောက်ဝယ်ယူကြပါသည်။ ရွှေတောင်မြို့ရှိ ပန်းဒိုင်များမှ တစ်ဆင့် နှင်းဆီပန်းတစ်ပွင့်လျှင် ၁၅၀ကျပ်မှ ၂၀၀ကျပ်အထိ အခြားနယ်မြို့များသို့ တင်ပို့ရ ောင်းချကြပါသည်။ နှင်းဆီပန်းပင် တစ်ခါစိုက်ပျိုးထားလျှင် ၅နှစ်ခန့် အထိ ပန်းပင် အသစ် ထပ်မံစိုက်ပျိုးရန်မလိုဘဲ ပန်းများပွင့်ချိန်တွင် ခူးယူရောင်းချရပါသည်။ နှင်းဆီပန်း တစ်ခါပေါ်လျှင် ၄-၅လအထိ ပန်းများခူးယူရောင်းချရပါသည်။ နှင်းဆီပန်းစိုက်ပျိုးသူများအနေဖြင့် တစ်နှစ်လျှင် အကျိုးအမြတ်မှာ ဈေးနှုန်းမူတည်ပြီး ဈေးကောင်းလျှင် (၁၈)သိန်းခန့်အမြတ်ရရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)